CNI International News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

မစ္စလစ်ဇ်ထရပ်စ်သည် ဗြိတိန်ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ကြောင်း ယနေ့ (အောက်တိုဘာ ၂၀ ရက်)တွင် ဒေါင်းနင်းလမ်းနေအိမ်ရှေ့သို့ ထွက်လာပြီး ကြေညာသွားခဲ့သည်။

မစ္စလစ်ဇ်ထရပ်စ်သည် စက်တင်ဘာလက ဘောရစ်ဂျွန်ဆင်၏ နေရာမှာ တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ၄၅ ရက်တာ ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် ကွန်ဆာဗေးတစ်ပါတီ အမတ်များက ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြခြင်းကြောင့် ယနေ့မှာ နုတ်ထွက် ကြောင်း ကြေညာသွားခဲ့သည်။

သို့သော် သူမ၏ နေရာကို တာဝန်ယူမည့် ဝန်ကြီးချုပ် အသစ် မရွေးချယ်နိုင်သေးခင်အထိ ဆက်လက် တာဝန်ထမ်းဆောင်နေမည်ဖြစ်သည်။