CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

UFC တိုက်ခိုက်ရေးသမား မက်ဂရီသာနဲ့ လက်ဝှေ့ချန်ပီယံဟောင်း မေဝယ်လ်သာတို့ဟာ လက်ဝှေ့မကျေပွဲအဖြစ် ထိုးသတ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် လက်ဝှေ့ကြိုးဝိုင်းထဲမှာ ထိုးသတ်ခဲ့ရာ မေဝယ်လ်သာက အနိုင်ရရှိခဲ့တာပါ။ဒါပေမယ့် လက်ဝှေ့လောကရဲ့ အကြီးအကျယ်ဆုံးကစားသမားအဖြစ် အချို့က သတ်မှတ်ထားတဲ့ မေဝယ်လ်သာကို ၁၀ ချီမြောက်အထိ ထိုးနိုင်ခဲ့လို့ မက်ဂရီဂေါဟာ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ Fight Hype ကတော့ အားကစားလောကရဲ့ ဂန္တဝင်နှစ်ဦးဟာ လက်ရှိအချိန်မှာဖြစ်လာဖို့ အလားအလာရှိတဲ့ မကျေပွဲအတွက် ဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့တာပါ။

 

မက်ဂရီဂေါဟာ သူတို့နှစ်ဦး ယှဉ်ပြိုင်ဖို့အတွက် သဘောတူညီမှုရယူနိုင်ခဲ့ပြီးပြီဆိုတဲ့ အကြောင်းကို အရိပ်အမြွက် ပြောထားပြီး သူတို့နှစ်ဦး ပထမဆုံးအကြိမ်ထိုးသတ်တဲ့ ပွဲစဉ်မှာ သူက အသာစီးနဲ့ ထိုးနေတဲ့ပုံကို သူ့ရဲ့ဆိုရှယ် မီဒီယာပေါ်မှာတင်ပြီး “ကျနော်လက်ခံတယ်”ဆိုတဲ့ စာသားကို ရေးသားခဲ့တာပါ။ မေဝယ်လ်သာဟာ ဒီပွဲမှာ မက်ဂရီဂေါကို အနိုင်ရခဲ့ပြီး ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝ ပွဲပေါင်း ၅၀ ထိုးသတ်ခဲ့ရာ ပွဲပေါင်း ၅၀ လုံး အနိုင်ရတဲ့ စံချိန်ကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲဟာ မေဝယ်လ်သာအတွက် နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ သရုပ်ပြပွဲတွေသာ ထိုးသတ်ခဲ့တာပါ။၂၀၁၈ မှာ နာဆူကာဝါကို ပထမအချီ စက္ကန့်ပိုင်းအတွင်းမှာပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ဒီပွဲအပြီးမှာ လိုဂန်ပေါလ်၊ဒွန်မိုးတို့နဲ့ သရုပ်ပြထိုးခဲ့ပြီး ရလဒ်မထွက်ခဲ့ပါဘူး။မေဝယ်လ်သာဟာ အခုနှစ် စက်တင်ဘာလ ဂျပန်မှာ အာဆာကူရာနဲ့ သရုပ်ပြပွဲထိုးသတ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

မက်ဂရီဂေါကတော့ ၂၀၂၁ ဇူလိုင်လက UFC မှာ နောက်ဆုံးထိုးသတ်ခဲ့ပြီး ဒတ်စတင်ပိုရီရာကို အရေးနိမ့်ခဲ့ကာ ခြေထောက်ကျိုးတဲ့ ဒဏ်ရာရရှိသွားခဲ့တာပါ။အဲဒါကြောင့် အနားယူနေခဲ့ရပြီး လက်ရှိအချိန်မှာ ပွဲတွေပြန်လည် ထိုးသတ်နိုင်ဖို့ လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

Source:The Sun