CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄

အိုင်ယာလန်ဖိုက်တာ မက်ဂရီဂေါဟာ ဒဏ်ရာကြောင့် UFC 303 ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ UFC အမှုဆောင်အရာရှိချုပ် ဒါနာဝှိုက်က အတည်ပြုခဲ့ပါတယ်။

ဇွန် ၂၉ ရက် လက်စ်ဗီးဂတ်စ်မှာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ မက်ဂရီဂေါဟာ အမေရိကန်ဖိုက်တာ ချန်ဒလာနဲ့ ဝယ်လ်တာဝိတ်ထိုးသတ်ဖို့ စီစဉ်ထားတာပါ။ 

အခုအချိန်မှာတော့ သူတို့ ၂ ဦးပြန်လည်ယှဉ်ပြိုင်မယ့် ပွဲစဉ်ကို ဘယ်အချိန်မှ ပြန်ကျင်းပမလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ 

ဒါ့အပြင် မက်ဂရီဂေါ ရရှိတဲ့ဒဏ်ရာ အခြေအနေကိုလည်း လူသိရှင်ကြား ထုတ်ပြန်တာလည်း မရှိသေးတာဖြစ်ပါတယ်။ အဲဒါကြောင့် UFC 303 ပြိုင်ပွဲရဲ့ အဓိကပွဲစဉ်အဖြစ် ပရိုချာဇကာနဲ့ ချန်ပီယံ အဲလက်စ်ပါရဲရားတို့ရဲ့ လိုက်ဟဲဗီးဝိတ်တန်းပွဲစဉ်ကို ပြောင်းလဲ သတ်မှတ်ထားတာပါ။

အသက် ၃၅ နှစ်အရွယ်ရှိ မက်ဂရီဂေါဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်က ဒက်စတင်ပိုရီရာကို အရေးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးပွဲစဉ် ထိုးသတ်မှုပြုလုပ်ဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ 

မက်ဂရီဂေါဟာ နောက်ဆုံးထိုး သတ်ခဲ့တဲ့ ၄ ပွဲမှာ ၂၀၂၀ ခုနှစ်၊ဇန်နဝါရီက ဒိုနယ်လ်ကို အနိုင်ရခဲ့တဲ့ပွဲက လွဲပြီး ကျန်တဲ့ ၃ ပွဲစလုံး အရေးနိမ့်ထားခဲ့ တာပါ။ 

မက်ဂရီဂေါဟာ ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၂၈ ပွဲထိုးသတ်ထားတာမှာ ၂၂ ပွဲအနိုင်ရပြီး ၆ ပွဲ အရေးနိမ့် ထားတာဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ ချန်ဒလာကလည်း နောက်ဆုံးထိုးသတ်ထားတဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ထားပြီး နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာက ပွဲစဉ်မှာ ဒက်စတင်ပိုရီရာကို အရေးနိမ့်ခဲ့တာပါ။ 

ချန်ဒလာဟာ ပွဲပေါင်း ၃၁ ပွဲထိုးသတ်ထားပြီး ၂၃ ပွဲအနိုင်ရကာ ၈ ပွဲအရေးနိမ့်ထားတာဖြစ်ပါတယ်။ 

Source:ChannelNewsAsia