CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂
 
မုဒိန်းမှုနဲ့ တရားစွဲခံထားရတဲ့ ရော်နယ်ဒိုရဲ့အမှုကို နောက်ထပ်တစ်ကြိမ် ထပ်တင်ဖို့ ရွေးချယ်ခွင့်မရှိတော့ဘဲ အမေရိကန် တရားသူကြီးက ပယ်ချ လိုက်ပြီဖြစ်ပါတယ်။
ရော်နယ်ဒိုကို တရားစွဲဆိုထားတဲ့ မာယောဂါရဲ့ရှေ့နေဖြစ်သူရဲ့ လုပ်ရပ်ကြောင့် ရော်နယ်ဒို ထိခိုက်ခဲ့တယ်ဆိုပြီး အမေရိကန်တရားသူကြီးက အခုလိုစီရင်ချက် ချခဲ့တာပါ။
 
၂၀၀၉ ခုနှစ်၊ ဇွန်လက ရော်နယ်ဒိုဟာ လတ်စ်ဗေးဂတ်စ်မှာ အသက် ၂၅ နှစ်အရွယ်ရှိ မော်ဒယ်လ်ကို မုဒိန်းမှုကျင့်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။
ရော်နယ်ဒိုကတော့ ဒါကိုပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့ပြီး အဆိုပါ လိင်ကိစ္စဟာ နှစ်ဦး သဘောတူညီမှုအရ ဖြစ်ခဲ့တာလို့ ပြောခဲ့ပါတယ်။
 
ရော်နယ်ဒိုဟာ သူ့ကို ပေါင် ၂၉၀,၀၀၀ ပေးခဲ့ပေမယ့် နောက်ထပ် သန်းပေါင်းများစွာ ရရှိဖို့ အတွက် တရားစွဲဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
 
မာယောဂါရဲ့ ရှေ့နေဖြစ်သူဟာ အမှုကိစ္စအတွက် ဆွေးနွေးရာမှာ လျှို့ဝှက်စာတမ်းတွေ အသုံးပြုခဲ့တာကြောင့် ဒီအမှုကို ပြတ်ပြတ်သားသား ပယ်ချပြီး ဆက်လက် မစစ်ဆေးဖို့ အမေရိကန် တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
 
‌‌မာယောဂါဟာ Rain နိုက်ကလပ်မှာ အလုပ်လုပ် နေချိန် VIP ဧရိယာမှာ ရော်နယ်ဒိုနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ပေါ်တူဂီ ကစားသမားက သူမကို ဟိုတယ် အခန်းထဲမှာ မုဒိန်းမှုကျင့်ခဲ့တာလို့ ပြောခဲ့ပါတယ်။
 
ဒီအမှုကို ၂၀၁၈ မှာ ပြန်လည်စစ်ဆေးဖို့ လတ်စ်ဗေးဂတ်စ် ရဲတပ်ဖွဲ့က ပြန်လည် ဖွင့်လှစ်ခဲ့ပေမယ့် တစ်နှစ်အကြာမှာ ပြစ်မှုဆိုင်ရာ စွဲချက် မတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
 
Source: The Sun