CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁

မန်စီးတီးအသင်း ကြယ်ပွင့်ကစားသမား ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရရှိပြီးနောက် တစ်ပတ် အကြာမှာ ယူအီးအက်ဖ်အေ အေနည်းပြလိုင်စင်ကို ရရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဒီဘရိုင်းဟာ နိုင်ငံဘောလုံး အဖွဲ့ချုပ်ဆီကနေ လတ်မှတ်ရရှိတဲ့ ဘယ်လ်ဂျီယံ ကစားသမား ၁၈ ဦးထဲက ၁ ဦးလည်း ဖြစ်ခဲ့တာပါ။ ယူအီးအက်ဖ် အေ အေနည်းပြလိုင်စင်ရရှိခဲ့တဲ့ ဒီဘရိုင်းဟာ ဘယ်လူငယ်အသင်းမှာမဆို နည်းပြ ပြုလုပ်လို့ရမှာဖြစ်ပြီး ဥရောပ ကလပ်အသင်းတွေရဲ့ လက်ထောက်နည်းပြအဖြစ်လည်း ပြုလုပ်လို့ရတာဖြစ်ပါတယ်။

ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ကစားနေရင်းနဲ့ အကယ်ဒမီအဖွဲ့တွေကို နည်းပြလေ့ကျင့်ခန်းတွေ ပြုလုပ် ပြီးနောက် အခုလို နည်းပြလိုင်စင်ကို ရယူနိုင်ခဲ့တာပါ။

ဒီလိုအတွေ့အကြုံတွေက ဒီဘရိုင်းကို ယူအီးအက်ဖ်အေ သင်တန်းမှာ အကူအညီဖြစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။၂၀၂၁ က ဒီဘရိုင်းဟာ နည်းပြအကြောင်းနဲ့ ပတ်သက်ပြီး “ဂွာဒီယိုလာလို လူမျိုးနဲ့ အလုပ်အတူတွဲလုပ်တဲ့အခါမှာ ဒီအားကစားနည်းကို အလွန်ကွဲပြားခြားနား တဲ့ ပုံစံနဲ့ခင်ဗျားတို့ ကြည့်မြင်နိုင်မှာပါ။မွေးရပ်မြေ ဘယ်လ်ဂျီယံမှာ ဘောလုံးနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေ ဖြန့်ဝေတာ ကောင်းပါတယ်”လို့ မေရာကို ပြောခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနည်းပြ မာတီနတ်ဇ်က ကစားသမားတွေကို နည်းပြလက်မှတ်တွေ ရယူဖို့ အကြံပေးပြီးနောက် အခြားနာမည်ကျော် ကစားသမားတွေကလည်း ဒီဘရိုင်းနဲ့အတူ လတ်မှတ်တွေ ရရှိခဲ့ကြတာပါ။ဒီထဲမှာ ဗာတွန်ဂန်၊ တိုင်လီမန်စ်၊ထရိုဆာ့တ်၊မစ်ဂနိုလတ်၊ဝစ်ဆဲလ်နဲ့ ဗာမယ်လန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံ အက်ဖ်အေရဲ့ နည်းပြ အကြီးအကဲက “ကောင်လေးအများအပြားဟာ တိုးတက်မှုတွေ အများကြီး လုပ်ထားပြီးသားပါ။အဲဒါကြောင့် ရလဒ်တွေကို ကျနော်တို့ မြင်နေပါပြီ။ကောင်လေးအများအပြားဟာ နည်းပြ တွေအဖြစ် ကောင်းမွန်တဲ့ အလားအလာတွေရှိတယ်ဆိုတာ ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ဒါက အလွန်ကောင်း တဲ့ အခြေအနေပါ”လို့ ပြောခဲ့ပါတယ်။

Source:The Sun