CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁

ဂျူဗင်တပ်စ် အသင်းဟာ ကစားသမားဟောင်း ပေါ့ဘာနဲ့ ပီအက်စ်ဂျီ တောင်ပံကစားသမား ဒီမာရီယာ တို့ကို အလွတ် ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ အီတလီ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပေါ့ဘာနဲ့ ဒီမာရီယာ တို့ဟာ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီ တို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ် ကုန်ဆုံးပြီ ဖြစ်တာကြောင့် ဂျူဗင်တပ်စ် အသင်းဟာ သူတို့ ၂ ဦးလုံးကို အလွတ်နဲ့ ခေါ်ယူလို့ ရမှာပါ။ ဒီမာရီယာ ကတော့ ပီအက်စ်ဂျီ အသင်းကနေ ထွက် ခွာတော့မယ်ဆိုတာကို အတည်ပြုထားတာ ဖြစ်ပါတယ်။

ပေါ့ဘာ ကလည်း စာချုပ် ကုန်ဆုံးချိန်မှာ မန်ချက်စတာအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာပါ။

ဂျူဗင်တပ်စ် အသင်းဟာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေတာဖြစ်ပြီး တစ်နှစ်ပေါင် ၁၀ သန်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ စီးရီးအေကလပ်ဟာ ပေါ့ဘာ ကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှု အပြည့်ရှိနေတာဖြစ်ပြီး ဂါဇတ်တာ ဒယ်လိုစပေါ့ က ဂျူဗင်တပ်စ်နဲ့ ပေါ့ဘာ တို့ဟာ သဘောတူညီမှုရရှိဖို့ နီးစပ်နေတယ်လို့ ဖော်ပြခဲ့တာပါ။

ပေါ့ဘာ ဟာ ဂျူဗင်တပ်စ် ကစားသမားအဖြစ် ဒီအပတ်ထဲမှာ ကြေညာသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒီမာရီယာကို တွေ့ရစဉ်(Football Italia)

မန်စီးတီး အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ပေါ့ဘာ ဟာ အပြောင်းအရွှေ့ကို အလေးအနက်ထား စဉ်းစား ခဲ့ပေမယ့် အင်္ဂလန်ရဲ့ ပြည်ပမှာသာ သွားရောက်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြင်သစ်ကွင်းလယ်လူဟာ ၂၀၁၆ က ဂျူဗင်တပ်စ် ကနေ ထွက်ခွာပြီး မန်ချက်စတာယူနိုက်တက် အသင်းကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာ ဟာ မန်ချက်စတာယူနိုက်တက်အတွက် ဒုတိယအကြမ်မြောက် ကစားခဲ့တာမှာ စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အခုနွေရာသီမှာ အသင်းက ထွက်ခွာမယ့် ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာပါ။

ဒီမာရီယာ ကလည်း ပီအက်စ်ဂျီ အသင်းမှာ ၇ ရာသီကြာ ကစားပြီးနောက် စာချုပ်ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီ ပီအက်စ်ဂျီ အသင်းမှာ အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်မှာ အသင်းက ထွက်ခွာမယ်လို့ အတည်ပြုခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ပေါ့ဘာ ဟာ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာအောင် ပြုလုပ်နေပြီး ဒီမာရီယာ ကတော့ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းနေတာ ဖြစ်ပါတယ်။

Source: Daily Mail