CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၁၇

ချယ်လ်ဆီးအသင်းကို ပေါင် ၄.၂၅ ဘီလီယံ နဲ့ တော့ဒ်ဘိုလီ ဦးဆောင်တဲ့လုပ်ငန်းစုက ဝယ်ယူဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်သော်လည်း ရောင်းရငွေတွေနဲ့ပတ်သက်ပြီး ကလပ်အသင်းနဲ့ သဘောတူညီမှု မရတာကြောင့် အစီအစဉ်ပျက်သွားမယ့် အခြေအနေရှိနေသည်ကို အစိုးရဝန်ကြီးတွေက စိုးရိမ်နေကြပါတယ်။

ဗြိတိန်အစိုးရ အတွင်းလူတစ်ဦးက သတ်မှတ်ရက်အတွင်း မဝယ်ယူနိုင်ပါက ဥရောပချန်ပီယံကို လွှဲပြောင်း ရယူ မယ့် အချိန်ကုန်ဆုံးသွားနိုင်တယ်လို့ ပြောထားတာပါ။ချယ်လ်ဆီး အသင်းဟာ LA Dodgers ဘေ့စ်ဘော အသင်းရဲ့ ပူးတွဲပိုင်ရှင် တော့ဒ်ဘိုလီ ဦးဆောင်တဲ့လုပ်ငန်းအစုအဖွဲ့ကို ရောင်းချဖို့ သဘောတူညီမှုရရှိထားတာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းကို ပိုင်ရှင် အေဘရာမိုဗစ်ချ် ဒဏ်ခတ်ပိတ်ဆို့မှုမခံရခင်ကတည်းက ရောင်းချဖို့ ပြုလုပ်ခဲ့တာပါ။ ၎င်းအသင်းကို ဗြိတိန်အစိုးရက ပေးထားတဲ့ အထူးလိုင်စင်ဟာ မေလ ၃၁ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ချယ်လ်ဆီး အသင်းကို ရောင်းချတဲ့ ဘယ်လို ရောင်းချမှုမျိုးကိုမဆို ဝန်ကြီးတွေနဲ့ အင်္ဂလိပ် ဘောလုံး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်လိုအပ်နေတာပါ။အေဘရာမိုဗစ်ချ်ဟာ အစောပိုင်းက ချယ်လ်ဆီးအသင်းကို ချေး ထားတဲ့ ပေါင် ၁.၆ ဘီလီယံကို ပြန်လည်ရယူလိုကြောင်း တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဒီ သတင်းတွေဟာ မှားယွင်းကြောင်း နောက်ပိုင်းမှာ ပြန်လည်ဖြေရှင်းထားခဲ့တာပါ။ အေဘရာမိုဗစ်ချ်ဟာ အသင်းရဲ့ ရန်ပုံငွေတွေကို သုံးစွဲခွင့် ဒါမှမဟုတ် ထိန်းချုပ်ခွင့်မရှိသလို ရောင်းချပြီးချိန်မှာလည်း ရန်ပုံငွေတွေကို ဝင်ရောက်ပြီး ထိန်းချုပ်ခွင့်မရှိတာဖြစ်ပါတယ်။

ဒါပေမယ့် အေဘရာမိုဗစ်ချ်နဲ့ ချိတ်ဆက်နေတယ်လို့ သံသယရှိနေတဲ့ ကုမ္ပဏီတစ်ခုနဲ့အတူ ကလပ်အသင်းရဲ့ ရှုပ်ထွေးတဲ့ ပိုင်ဆိုင်မှုဖွဲစည်းပုံတွေဟာ ရောင်းချမှု အတည်ပြုချက်ကို အဟန့်အတားဖြစ်စေတယ်လို့ အစိုးရ အတွင်းလူက ပြောခဲ့တာပါ။ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီအတွက် လိုအပ်တဲ့ လိုင်စင်တွေကို ထုတ်ပေးဖို့ ကလပ် အသင်းတွေကို တွေ့ဆုံဖို့ရှိတာကြောင့် ချယ်လ်ဆီးအနေနဲ့ ဇွန်လအစောပိုင်းမှာ ရောင်းချမှုကို အပြီးသတ် နိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

တောဒ့်ဘိုလီ လုပ်ငန်းစုနဲ့ နီးစပ်တဲ့သူတစ်ဦးက “ အဆိုပါလုပ်ငန်းစုဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူပြီးတာနဲ့ အင်္ဂလိပ်ဘောလုံးလောကကို အောင်မြင်မှုတွေရရှိဖို့ ပံ့ပိုးမှုတွေပြုလုပ်သွားမှာပါ။ကလပ်က “သူတို့အစီအစဉ် တွေကို လက်ခံပြီး အစိုးရ၊ဘောလုံးအာဏာပိုင်တွေနဲ့ အပြုသဘောဆောင်တဲ့ စကားပြောဆိုမှုတွေကို ကြုဆိုတဲ့ အတွက် ဝမ်းသာပါတယ်။ရောင်းရငွေနဲ့ပတ်သက်ပြီး ရောင်းချတဲ့သူနဲ့အစိုးရက ဖြေရှင်းရမယ့်ကိစ္စပါ”လို့ ဘီဘီစီ ကို ပြောခဲ့ပါတယ်။

Source:BBC