CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၁၃

လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုတော့မှာ မဟုတ်ဘဲ အသင်းက ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ဂိုးလ်ကွန်းက အတည်ပြုလိုက်ပါတယ်။

လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ရာသီအကုန်မှ ကုန်ဆုံးမှာ ဖြစ်ပေမယ့် သူဟာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ အဲဒီအတွက် ဘိုင်ယန်မြူးနစ်အသင်းဟာ စာချုပ်မကုန်ဆုံးခင် လီဝန်ဒေါစကီးကို ရောင်းချဖို့ ရှိနေတာပါ။ပိုလန်လက်ရွေးစင် ကစားသမားတွေဟာ မကြာ သေးခင်ကာလတွေမှာ ဘာစီလိုနာအသင်းနဲ့ ကြီးမားတဲ့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် သဘောတူညီမှု မရရှိသေး တာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်က ဘိုင်ယန်မြူးနစ်အသင်းဟာ လီဝန်ဒေါစကီးကို စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည် နေခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ် အသင်း CEO အိုလီဗာခန်းက “နောက်ရာသီ ကျနော်တို့နဲ့အတူ ရောဘတ် ရှိနေမှာ သေချာပါတယ်။သူ့ဆီမှာ ဘာတွေရှိနေလဲဆိုတာကို ကျနော်တို့ သိတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး စိတ်အေး လက်အေးပါပဲ။ရောဘတ် လီဝန်ဒေါစကီးနဲ့ပတ်သက်ပြီး အကြီးမားဆုံး အဓိပ္ပါယ်မဲ့ဇာတ်လမ်းကို ဘယ်သူ ပြောမှာလဲ၊ဆွေးနွေးမှုတွေ ဆက်ရှိနေမှာပါ။ကျနော်တို့ဟာ အရူးမဟုတ်တဲ့အတွက် တစ်ရာသီကို ဂိုး ၃၀ နဲ့ ၄၀ ကြားသွင်းတဲ့ ကစားသမားရဲ့အပြောင်းအရွှေ့ကို ဆွေးနွေးနေမှာ မဟုတ်ဘူးလို့” ပြောခဲ့တာပါ။

ဘွန်ဒစ်လီဂါဖလားကို ကိုင်မြှောက်တဲ့နေ့မှာ မကျေမနပ်ဖြစ်နေတာတွေကို လူသိရှင်ကြား ပြောခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီး က “ မကြာခင်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပေမယ့် အခုထိတော့ ဘာမှထူးထူးခြားခြား ဖြစ်မလာသေး ပါဘူး။ဘာတွေဖြစ်နေလဲဆိုတာ သတိထားမိပါတယ်။အခြေအနေတွေက ကျနော့်အတွက် သိပ်ပြီး မလွယ်ကူ ပါဘူး ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ ၂၀၁၄ က ဒေါ့မွန်ကနေ အလွတ်နဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၃၇၄ ပွဲ ပါဝင်ကစားထားပြီး ၃၄၃ ဂိုးသွင်းယူထားတာပါ။လီဝန်ဒေါစကီးဟာ ဂျာမန်ကလပ်နဲ့အတူ ဘွန်ဒစ် လီဂါ (၈) ကြိမ်၊ ချန်ပီယံလိဂ် (၁) ကြိမ်အပါအဝင် ဆုဖလားအများအပြား ရယူနိုင်ခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်တွေ လည်း အများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Goal