CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၇

တရုတ်နိုင်ငံ ဟန်ကျိုးမှာ ၂၀၂၂ စက်တင်ဘာလအတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ အာရှအားကစားပြိုင်ပွဲကို ၂၀၂၃ အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ အာရှအိုလံပစ်ကောင်စီက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်လာလို့ ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပြီး ၂၀၂၂ အာရှ အားကစားပြိုင်ပွဲကို မူလက စက်တင်ဘာ (၁၀) ရက်ကနေ (၂၅) ရက်ထိ ကျင်းပဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ အာရှအိုလံပစ် ကောင်စီက (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပြန်လည်ကျင်းပမယ့်နေ့ရက်ကို ကြေညာသွားမယ်လို့ လည်း ပြောခဲ့တာပါ။

အာရှအိုလံပစ်ကောင်စီက “ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု တွေကြားကနေ အားကစားပြိုင်ပွဲတွေကို အချိန်မီပေးပို့နိုင်ဖို့ အလွန်ကောင်းမွန်စွာ ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ကပ်ရောဂါအခြေအနေနဲ့ အားကစားပြိုင်ပွဲတွေရဲ့ အနေအထားတွေကို ဂရုတစိုက် စဉ်းစားပြီးနောက် အခုလိုဆုံးဖြတ်ချက်ကို သက်ဆိုင်သူတွေအားလုံးက ဆုံးဖြတ်ခဲ့တာလို့”ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အာရှအားကစားပြိုင်ပွဲကျင်းပမယ့် ဟန်ကျိုးဟာ ရှန်ဟိုင်းမြို့ကနေ ကီလိုမီတာ(၂၀၀)ထက်မနည်းဝေးကွာပြီး လက်ရှိအချိန်မှာ နောက်ထက်ကြီးမားတဲ့ ကိုဗစ်ဖြစ်ပွားနေမှုတွေကို တိုက်ဖျက်နေတာပါ။ရက်သတ္တပတ်ကြာ လောခ့်ဒေါင်းတွေအပါအဝင် တင်းကြပ်တဲ့ ကန့်သတ်ချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။ပြိုင်ပွဲကျင်းပရေး ကွင်းတွေနဲ့ အဆောက်အဦတွေ အားလုံးကို ဧပြီလက အပြီးတည်ဆောက်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက အတည် ပြုခဲ့တာပါ။

၂၀၂၂ ဒီဇင်ဘာလ ရှန်တုံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲကို ဖျက်သိမ်းတယ်လို့ အာရှအိုလံပစ်ကောင်စီက ကြေညာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ချန်ဒူးမြို့မှာ အခုနှစ် ဇွန်လ (၂၆) ရက်ကနေ ဇူလိုင် (၂၇) ရက်အထိ ကျင်းပဖို့ရှိနေတဲ့ ကမ္ဘာ့တက္ကသိုလ်များ အားကစားပြိုင်ပွဲကိုလည်း ၂၀၂၃ အထိ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

Source:Olympics