CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇

ရုရှားကျုးကျော်မှုကြောင့် (၂၀၂၁-၂၂)ရာသီ ယူကရိန်းပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

ယူကရိန်းထိပ်သီးအသင်းတွေရဲ့ အထွေထွေအစည်းအဝေးကို ဗီဒီယိုကွန်ဖရန့်စ်ကတစ်ဆင့် အင်္ဂါနေ့က ပြုလုပ်ခဲ့တာပါ။ဖေဖော်ဝါရီလမှာ ကုန်ဆုံးမယ့် ဆောင်းရာသီအားလပ်ရက်ကြောင့် ဒီဇင်ဘာလကတည်းက ရာသီအစမှာ ခေတ္တရပ်နားထားတာဖြစ်ပေမယ့် ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြိုင်ပွဲကို ပြန်လည်စတင်ဖို့ နှောင့်နှေးနေခဲ့တာဖြစ်ပါတယ်။

ယူကရိန်း ပရီးမီးယားလိဂ် က “ယူကရိန်းမှာ စစ်အုပ်ချုပ်ရေးကို သက်တမ်းတိုးတဲ့အတွက် ချန်ပီယံရှစ်ပြိုင်ပွဲ ဟာ မပြီးဆုံးနိုင်တဲ့ အခြေအနေကြောင့် အခုနှစ်ရာသီ VBET လိဂ်ပြိုင်ပွဲကို ရပ်ဆိုင်းမယ့် အဆိုပြုချက်ကို ယူကရိန်း ပရီးမီးယားလိဂ်ကလပ်အသင်းတွေအားလုံးက ထောက်ခံခဲ့ကြပါတယ်။(၂၀၂၂) ဖေဖော်ဝါရီ(၂၄) ရက်က ရပ်တည်မှု တွေဟာ အခုနှစ်ရာသီရဲ့ နောက်ဆုံးရပ်တည်မှုတွေဖြစ်ပြီး ဆုရတဲ့သူမရှိပါဘူး”လို့ ထုတ်ပြန်ခဲ့တာပါ။

ရှက်တာဒိုးနတ် အသင်းဟာ (၁၈)ပွဲကစားပြီး (၄၇)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့ကာ ဒိုင်နမိုကိဗ်နဲ့ ဒနီပရို အသင်းတို့က ဒုတိယနဲ့ တတိယနေရာတွေမှာ ရပ်တည်နိုင်ခဲ့ပါတယ်။အဲဒါကြောင့် ရှက်တာ ဒိုးနတ်နဲ့ ဒိုင်နမိုကိဗ် အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်ကနေ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နီပရို အသင်းကတော့ ယူရိုပါလိဂ်ပလေးအော်ဖ့်နဲ့ ဇော်ရနဲ့ ဗော်စကီယာ အသင်းတို့ကတော့ ယူရိုပါကွန်းဖရန့်လိဂ် ခြေစစ်ပွဲမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ယူကရိန်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်ဆိုင်းလိုက်တာကြောင့် တန်းဆင်းမယ့် အသင်းလည်း မရှိတော့ဘူးလို့ အမှတ်ပေးဇယားအရ သိရပါတယ်။ယူကရိန်း ပရီးမီးယားလိဂ်က “ယူကရိန်း ပရီးမီးယားလိဂ်ရဲ့ လက်ရှိ လုပ် ဆောင်မှုတွေနဲ့ လာမယ့်ရာသီအစမှာ မေးခွန်းတွေကို လေ့လာဖို့အတွက် အလုပ်အဖွဲ့တစ်ခုကို ဖွဲ့စည်းထားပါ တယ်”လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Source:Goal