CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၈

လေလံတင် ရောင်းချတာကနေ ပေါင် ၄ သန်း ရရှိဖို့ မျှော်လင့်နေတဲ့ မာရာဒိုနာရဲ့ ဂျာစီဟာ Hand of God ဂိုးအတွက် သူဝတ်ဆင်ထားတဲ့ ဂျာစီ မဟုတ်ဘူးလို့ သမီးဖြစ်သူက ပြောလိုက်ပါတယ်။

အင်္ဂလန် ကစားသမားဟောင်း စတိဗ်ဟော့ချ်က အာဂျင်တီးနား အသင်းကို မာရာဒိုနာရဲ့ ဘုရားပေးတဲ့ လက်တစ်စုံလို့ နာမည်ကျော်ကြားခဲ့တဲ့ သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပွဲအပြီးမှာ သူနဲ့ ဂျာစီချင်း လဲလှယ်ခဲ့တာပါ။

ဒါပေမယ့် စတိဗ်ဟော့ချ် လဲလှယ်ခဲ့တဲ့ ဂျာစီဟာ သူ့အဖေ ပထမပိုင်းမှာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။ ဒုတိယပိုင်းမှာ သူမရဲ့အဖေ ဝတ်ဆင်ခဲ့တဲ့ ဂျာစီဟာ တခြားပိုင်ရှင်တွေ လက်ထဲမှာ ရှိနေပေမယ့် နာမည်ဖော်ပြဖို့တော့ မာရာဒိုနာရဲ့ သမီးအကြီးဖြစ်သူက ငြင်းဆန်ခဲ့တာပါ။

မာရာဒိုနာဟာ ကွာတားဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ အင်္ဂလန် အသင်းဘက်ကို ဒုတိယပိုင်းမှာပဲ ၂ ဂိုးလုံး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒယ်လ်မာက “ဒီကစားသမားဟောင်းက သူ့မှာ အဖေရဲ့ ဒုတိယပိုင်းဂျာစီ ရှိတယ်လို့ ထင်နေပေမယ့် ဒါဟာ ရှုပ်ထွေးပါတယ်။ သူ့မှာ ပထမပိုင်းက ဂျာစီပဲရှိတာပါ။ ဝယ်ချင်တဲ့သူတိုင်းကို အမှန်တရားကို သိချင်တဲ့အတွက် ဒါကို ရှင်းပြတာပါ။ ဒုတိယပိုင်း ဂျာစီ ဘယ်သူ့မှာ ရှိလဲသိပေမယ့် မပြောတော့ပါဘူး။ ပြောပြချင်တာကတော့ လေလံတင် ရောင်းချနေတဲ့ ဂျာစီဟာ ကျမအဖေ ဂိုးသွင်းတဲ့ ဂျာစီ မဟုတ်ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လေလံတင်ထားတဲ့ မာရာဒိုနာဂျာစီ(Sports)

ဒါပေမယ့် မာရာဒိုနာရဲ့ ဂျာစီကို လေလံတင်ရောင်းချမယ့် Sotheby ကတော့ ဒါဟာ မှန်ကန်ကြောင်း သက်သေပြဖို့ ကျွမ်းကျင်သူတွေကို ငှားရမ်းထားကြောင်းလည်း ပြောထားတာပါ။

ပြောရေးဆိုခွင့်ရှိသူက “ဒီဂျာစီကို မရောင်းချခင်မှာ မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီဖြစ်တယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့ လုံ့လစိုက်ထုတ်ထားပြီး သိပ္ပံနည်းကျ သုတေသန ပြုလုပ်ခဲ့တယ်”လို့ ပြောထားခဲ့တာပါ။

မာရာဒိုနာရဲ့ ဂျာစီကို လေလံတင် ရောင်းချမယ့် ရက်ကို ဧပြီ ၂၀ ရက်ကနေ မေလ ၄ ရက်အထိ သတ်မှတ်ထားတာ ဖြစ်ပါ တယ်။ အာဂျင်တီးနား ဂန္တဝင်ကစားသမားကြီး မာရာဒိုနာကတော့ ၂၀၂၀ နိုဝင်ဘာလက ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန် ချိန်မှာ အသက် ၆၀ အရွယ် ရှိပြီလည်း ဖြစ်ပါတယ်။

Source: The Sun