CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၅

အာဆင်နယ် အသင်းနည်းပြ အာတီတာ က ပဲလေ့စ်ကို အရေးနိမ့်တဲ့ ပွဲမှာ တည်ငြိမ်မှုမရှိတဲ့ အသင်းရဲ့ပုံစံအတွက် ပရိသတ်တွေကို တောင်းပန်စကားပြောလိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ ပဲလေစ့်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ပြိုင်ဆိုင်နေမှုမှာ အကျိုးသက်ရောက်မှုတွေရှိလာနိုင်တာပါ။ အာဆင်နယ်အသင်းဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ကို ဒီရာသီမှာ ရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ အာတီတာ ကတော့ ပဲလေစ့်နဲ့ပွဲက သူတို့ရဲ့စွမ်းဆောင်ရည်ကို အပြစ်တင်သွားခဲ့တာပါ။

အာတီတာ က “ကျနော်တို့ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ ပြေးလွှားနေမှ ကစားလို့ရမှာဖြစ်ပါတယ်။ ဘောလုံးအပေါ်မှာ ထားတဲ့ ကျနော်တို့ရဲ့ သဘောထားဟာ တကယ်ကို ကွဲလွဲနေခဲ့ပြီး ဒါဟာ လက်ခံနိုင်စရာမရှိပါဘူး။ ကျနော်တို့ဟာ ပထမပိုင်းမှာဆို တော်တော်ဆိုးရွားနေခဲ့တာပါ။ ကျနော်တို့ကို အားပေးနေတဲ့သူတွေကို တောင်းပန်ချင်ပါတယ်။ အခွင့်အရေးကြီးကြီးမားမားရခဲ့ပေမယ့် ကျနော်တို့ဟာ ပွဲမှာ အကောင်းဆုံးလုပ်နိုင်မယ့် ဂိုးသွင်းခွင့်ကို အသုံးမချ နိုင်ခဲ့ပါဘူး။ ကျနော်တို့ဟာ ထိုက်တန်တဲ့ဝေဖန်မှုတွေကို လက်ခံရပါမယ်။ ဒါကို လက်ခံပြီးရင် မှန်ထဲမှာ ကိုယ့်ကို ကိုယ်ပြန်ကြည့်ရမယ်။ ပြီးရင် နောက်ပွဲအတွက် ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီရှုံးပွဲကြောင့် အဆင့်(၄)နေရာက စပါးအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့်(၅)နေရာမှာ ရပ်တည်နေတာပါ။ အာဆင်နယ် အသင်းဟာ စပါး အသင်းထက် တစ်ပွဲလျော့ပြီး ကစားထား တာကြောင့် အဆင့်(၄)နေရာကို ပြန်ရယူနိုင်ဖို့ မျှော်လင့်ချက်တွေရှိနေတာဖြစ်ပါတယ်။

အာတီတာ က “ကျနော်တို့လက်ထဲမှာ ပွဲကစားဖို့ ကျန်သေးပါတယ်။ ပွဲကစားဖို့ (၉)ပွဲကျန်သေးတာကြောင့် အများကြီးဖြစ်လာနိုင်တယ်ဆိုတာကို ကျနော်တို့သိပါတယ်။ ကျနော်တို့ စပါးနဲ့လည်း ကစားရမယ်။ ပွဲကြီးတွေ လည်း ကစားရဦးမှာပါ။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်အာရုံစိုက်ရပါမယ်။ ဒီနေ့ ကျနော်တို့ရဲ့ ပြဿနာက စပါး အသင်းမဟုတ်ပါဘူး။ ဒါက ပထမပိုင်းမှာ ကျနော်တို့ လုပ်ခဲ့တဲ့အရာတွေကြောင့်ပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဘရိုက်တန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Mirror,Goal