CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၅

အေစီမီလန် အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ် ဟာ ဘိုလော့ဂ်နာ အသင်းနဲ့ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် မှာ ပြိုင်ဘက်နောက်ခံလူ မီဒယ်လ် ရဲ့ ခေါင်းတိုက်ချက်ကြောင့် မျက်ခုံးကွဲသွားခဲ့ပါတယ်။

အီဘရာဟီမိုဗစ် ဟာ မီဒယ်လ်ရဲ့ အားပါတဲ့ခေါင်းတိုက်ချက်ကြောင့် မျက်ခုံးကွဲသွားခဲ့တာပါ။ ကစားသမား(၂)ဦး လုံးဟာ အဆိုပါဖြစ်ရပ်ကြောင့် ချက်ချင်းပဲ ကွင်းအတွင်းမှာ ဆေးကုသမှုခံယူခဲ့ရပြီး ခေါင်းမှာ ပတ်တီးစည်းခဲ့ရတာ ဖြစ်ပါတယ်။ အီဘရာဟီမိုဗစ် ကတော့ ပွဲချိန်ကုန်ဆုံးတဲ့အချိန်အထိ ဆက်ကစားနိုင်ခဲ့ပေမယ့် မီဒယ်လ် ကတော့ လူစားလဲခဲ့ရတာပါ။

အီဘရာဟီမိုဗစ် ဟာ ဒိုင်လူကြီးဆီကို သွားပြီး မီဒယ်လ်ကို အပြစ်ပေးအရေးယူဖို့ ဒေါသတကြီး အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်လူကြီး က မီဒယ်လ်ကို အဝါကတ်ပြားမပြခဲ့တာကြောင့် အီဘရာဟီမိုဗစ်ဟာ ဒေါသ နဲ့ပေါက်ကွဲနေခဲ့တာပါ။ အီဘရာဟီမိုဗစ် ဟာ ဒီပွဲရဲ့ မိနစ်(၇၀)မှာ ဂီရောဒ့်ရဲ့နေရာမှာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး အသင်းနိုင်ပွဲရအောင်တော့ မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။

ဒီပွဲမှာ အေစီမီလန် အသင်းဟာ အဆင့်(၁၂)နေရာမှာ ရပ်တည်နေတဲ့ ဘိုလောဂ့်နာ အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန် အသင်းဟာ ဒီပွဲမှာ သရေကျခဲ့ပေမယ့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ အေစီမီလန် အသင်းဟာ ဒီပွဲမှာ စတုတ္တမြောက်ဂျာစီကို ဝတ်ဆင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီ စတုတ္တဂျာစီမှာ ကလပ်ရဲ့ ရိုးရာဖြစ်တဲ့ အနက်ရောင်နဲ့အနီရောင် အစင်းကြောင်းများအပြင် ဂျာစီရဲ့အပေါ်ပိုင်းနဲ့ အောက်ပိုင်းမှာ အဖြူရောင်အကွက်ကြီး (၂)ခုပါရှိတာပါ။

အေစီမီလန် အသင်းဟာ စီးရီးအေပွဲစဉ်(၃၁)ပွဲကစားအပြီးမှာ ဒုတိယနေရာက နာပိုလီ အသင်းကို (၁)မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်ထားတာဖြစ်ပါတယ်။ စီးရီးအေ ချန်ပီယံဆုကို (၁၈)ကြိမ် ရရှိထားတဲ့ အေစီမီလန် အသင်းဟာ (၂၀၁၀-၁၁) ရာသီနောက်ပိုင်း စီးရီးအေ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ပြန်လည် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

Source:TheSun