CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁

ဘရူနိုဖာနန်ဒတ်စ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်သက်တမ်း တိုးလိုက်ပြီး လုပ်ခလစာ ၂ ဆ တိုးပြီးတော့ ရရှိမှာဖြစ်ပါတယ်။

၂၀၂၀ က စပို့တင်းလစ္စဘွန်းကနေ ရောက်ရှိလာတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရောက်ချင်း မှာပဲ လျင်မြန်စွာ အသားကျခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက် အရေးပါဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာဆိုရင် မန်ချက်စတာယူနိုက်တက် အသင်းမှာ ၁၁၇ ပွဲ ပါဝင်ကစားထားပြီ ၄၉ ဂိုးသွင်း ယူ၍ ၃၉ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မန်ချက်စတာအသင်းက ဘရူနိုဖာနန်ဒက်စ်ကို သက်တမ်းတိုး စာချုပ် ချုပ်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို စာချူပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၆ မှာ နောက်ထပ် တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့် ရှိနေတာပါ။ ပေါ်တူဂီ ကစားသမားဟာ စာချုပ်သစ်ကြောင့် လုပ်ခ ၂ ဆဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၄၀၀၀၀ ရရှိတော့မှာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်(Premier League)

ဘရူနိုဖာနန်ဒက်စ်က မန်ချက်စတာယူနိုက်တက်အတွက် ကစားချင်တဲ့ သူ့ရဲ့ အိမ်မက်တွေဟာ အမှန်တကယ် ဖြစ်လာပြီး အသင်းမှာ ဆက်ရှိနိုင်ဖို့ သက်တမ်းတိုး နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ကျနော်ဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာ ကတည်းက ကလပ်၊ အံ့သြစရာ ကောင်းတဲ့ ပရိသတ်တွေနဲ့ အထူးဆက်ဆံရေး ရှိခဲ့တာပါ။ ဒီအသင်းကို ကြည့်ပြီး ကြီးပြင်းလာခဲ့ရတာဖြစ်ပြီး တစ်နေ့ ဒီအသင်းမှာ ကစားဖို့ လည်း အိမ်မက်တွေ ရှိခဲ့တာပါ။ ဒီအိမ်မက်က လက်တွေ့ ဖြစ်လာခဲ့တာဖြစ်ပြီး ဂုဏ်ယူစရာပါပဲ။ ၂ နှစ်ကြာပြီးတာတောင် အိုးထရက်ဖို့ဒ်ကို ရောက်ရှိတိုင်း ပရိသတ်တွေက ကျနော့်နာမည်ကို သီကြွေးနေကြတာတွေ၊ စထရက်ဖို့ဒ် ပရိသတ်တွေရှေ့မှာ ဂိုးတွေ သွင်းရတာက စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘရူနိုဖာနန်ဒက်စ်က “ကျနော် ဒီမှာ အောင်မြင်မှုတွေ အများကြီး ရယူချင်ပြီး ကျန်တဲ့ အသင်းဖော်တွေနဲ့ ဝန်ထမ်း တွေလည်း ဒီလိုပါပဲ။ ဒါတွေထက် ပရိသတ်တွေကို သူတို့နဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေကို ပေးချင်တာပါ။ ပြီးခဲ့တဲ့နှစ်တွေ မှာ ကျနော်တို့ဟာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို မျှဝေခဲ့ကြပေမယ့် အကောင်းဆုံး တွေကတော့ ကျနော်နဲ့ အသင်းဆီ ကို မရောက်သေးပါဘူး”လို့ ကလပ်အသင်း ဝက်ဘ်ဆိုက်ကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ် မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိလာပြီး ကတည်းက ကလပ်အသင်းမှာ သူ့လောက် ဘယ် ကစားသမားကမှ ဂိုးဖန်တီးနိုင်ခြင်း မရှိခဲ့တာပါ။ ပေါ်တူဂီ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၂၈ ဂိုး သွင်းယူပြီး ကလပ် အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail