CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၃၀

အီဂျစ် အသင်းခေါင်းဆောင် ဆာလတ် ဟာ ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်ခဲ့ရတဲ့ ဆီနီဂေါ အသင်းနဲ့ ပွဲစဉ်မှာ လေဆာနဲ့ အထိုးခံခဲ့ရသလို ပုလင်းနဲ့ပါ ပစ်ပေါက်ခံခဲ့ရတာဖြစ်ပါတယ်။

အီဂျစ် အသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အရေးပါတဲ့ ဆီနီဂေါ အသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် (၂၀၂၂) ကမ္ဘာ့ဖလားဝင်ခွင့် အဆုံးသတ်ခဲ့ရတာပါ။ ဒီပွဲမှာ ဆာလတ် အပါအဝင် အီဂျစ်ကစားသမားတွေဟာ လေဆာနဲ့ပစ်မှတ်ထားတိုက်ခိုက်တာကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒီလို လေဆာနဲ့ မျက်နှာကိုထိုးတာကြောင့် အီဂျစ် ကစားသမား(၄)ဦးမှာ (၃)ဦးက ပင်နယ်တီလွဲချော်ခဲ့တာပါ။

ဆာလတ်ရဲ့ ပင်နယ်တီကန်ချက်ကလည်း ဂိုးဘားပေါ်ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါအသင်းရဲ့ ပင်နယ်တီအဆုံးအဖြတ်ကို မာနေးက ကန်သွင်းယူနိုင်ခဲ့တာပါ။ ပွဲအပြီးမှာ ပရိသတ်တွေက သူ့ရဲ့ခေါင်းကို ပုလင်း တွေအပါအဝင် အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် လုံခြုံရေးတွေ အကာအကွယ်ယူကာ ဥမင်လှိုဏ်ခေါင်း ထဲကို သွားခဲ့ရတာဖြစ်ပါတယ်။

အားကစားကွင်းတွေမှာ လေဆာနဲ့ထိုးတာကို ပိတ်ပင်ဖို့ ဖီဖာကို အရင်ကလည်း တောင်းဆိုမှုတွေရှိခဲ့တာပါ။ ဒီ လေဆာကြောင့် ကစားသမားတွေရဲ့အမြင်အာရုံကို ထိခိုက်သွားနိုင်တယ်လို့ ပြောခဲ့ကြပေမယ့် ပိတ်ပင်မှု မရှိခဲ့ပါဘူး။ ပထမအကျော့က ကိုင်ရိုမှာကစားခဲ့တဲ့ပွဲမှာလည်း ဆီနီဂေါ ကစားသမားတွေဟာ လေဆာနဲ့ တိုက်ခိုက် ခံရတာကြောင့် အခု ဒါကာမှာ ကစားတဲ့ပွဲမှာ အီဂျစ်ကစားသမားတွေ ပြန်လည်တိုက်ခိုက်ခံရတာလို့ သတင်းမှာ ဖော်ပြထားတာပါ။

ဆီနီဂေါအသင်းနဲ့ အီဂျစ်အသင်းတို့ဟာ ပြီးခဲ့တဲ့ အာဖရိကဖလား ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ပြီး အဲ့ဒီတုန်းကလည်း ဆီနီဂေါ အသင်းကပဲ မာနေးရဲ့ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အီဂျစ် အသင်း ဟာ နောက်ဆုံးတွေ့ခဲ့တဲ့ နှစ်ကြိမ်လုံး ဆီနီဂေါ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ အရေးနိမ့်ခဲ့ပြီး ရှုံးကြွေး တင်ခဲ့တာဖြစ်ပါတယ်။

Source:TheSun