CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၀
ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီဟာ ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဒိုင်လူကြီးရဲ့ အဝတ်လဲခန်းထဲကို သွားရောက်ပြီးတော့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဒိုင်လူကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ ရီးရယ်လ် အသင်းဟာ ပီအက်စ်ဂျီအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအတွက် ဘတ်ပီက ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ရီးရယ်လ် အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဘန်ဇီမာ တစ်ဦးတည်းက ဟတ်ထရစ် သွင်းယူနိုင်ခဲ့တာပါ။ ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ပီအက်စ်ဂျီ အသင်းက ၁ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ ရီးရယ်လ်အသင်း အနိုင်ရပြီး ကွာတားဖိုင်နယ် တက်နိုင်ခဲ့တာပါ။
ပီအက်စ်ဂျီ အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ရယူဖို့ အဓိကထား ပြင်ဆင်ခဲ့ပေမယ့် အခုလိုစောစီးစွာ ပြိုင်ပွဲကနေ ထွက်ခဲ့ရ တာကြောင့် အသင်းဥက္ကဋ္ဌဟာ ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်း ဘက်ကို ဘန်ဇီမာ ဂိုးသွင်းခဲ့စဉ်(Sports)
အဲ့ဒါကြောင့် အယ်လ်ခီလိုင်ဖီဟာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်လို့ အဝတ်လဲခန်းထဲထိ သွားရောက်ခဲ့ တာပါ။ အယ်လ်ခီလိုင်ဖီ ဒေါသပေါက်ကွဲသံတွေကို ဒိုင်လူကြီးရဲ့ အစီရင်ခံစာမှာ မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။
“သူဟာ ကြမ်းတမ်းစွာပြုမူပြီး ဒိုင်လူကြီးရဲ့ အဝတ်လဲခန်းထဲကို ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒိုင်လူကြီးတစ်ဦးက ထွက်သွားဖို့ ပြောတဲ့အခါမှာ သူဟာ အရာဝထ္ထုတစ်ခုနဲ့ ပစ်ပေါက်ခဲ့လို့ ဒိုင်လူကြီးတစ်ဦးရဲ့ ပစ္စည်းပျက်ဆီးသွားခဲ့ပါတယ်”လို့ ရေးသားခဲ့ တာပါ။
မာကာ သတင်းကတော့ အယ်လ်ခီလိုင်ဖီရဲ့ အပြုအမူကို ရီးရယ်လ်အသင်း ဝန်ထမ်းတစ်ဦးက မှတ်တမ်းတင်ခဲ့ပြီး ဖြစ်နိုင် ဖွယ်ရှိတဲ့ ပြစ်ဒဏ်အတွက် ယူအီးအက်ဖ်အေကို ဒီဗွီဒီယိုဖိုင် ပေးပို့ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပီအက်စ်ဂျီ အသင်းကတော့ ဘန်ဇီမာ ပထမဆုံး သွင်းယူခဲ့တဲ့ဂိုးမှာ သူတို့ဂိုးသမား ဒွန်နာရမ်မာကို ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တယ်လို့ ယူဆနေတာပါ။
ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက “ဒွန်နာရမ်မာနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဟာ မျှတမှုမရှိပါဘူး။ ပြစ်ဒဏ် ကျူးလွန်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ။ VAR နဲ့ မတိုင်ပင်ခဲ့ဘူးဆိုတာ မဖြစ်သင့်ပါဘူး။ ဒါဟာ ကျနော်တို့ အကြောင်းပြချက် ရှာနေတာ မဟုတ်ပါဘူး။ ကျနော်တို့ ဘာတွေလုပ်ခဲ့လဲဆိုတာ ကြည့်ရမှာပါ”လို့ ပြောခဲ့ပါတယ်။
Source: Goal