CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၉
ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ရဲ့ ဒုတိယမြောက်နေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပထမနေ့ ကစားခဲ့ တဲ့ပွဲတွေမှာ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ် အသင်းတို့ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ မနက်ဖြန် မနက်ပိုင်းမှာ တော့ ရီးရယ်လ်နဲ့ ပီအက်စ်ဂျီ၊ မန်စီးတီးနဲ့ စပို့တင်းလစ္စဘွန်း အသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။ ဒီပွဲတွေရဲ့ ပွဲကြိုအချက်အလက် တွေကို ဖော်ပြပေးလိုက်ပါတယ်။
ရီးရယ်လ်နဲ့ ပီအက်စ်ဂျီ
*****************
ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ပီအက်စ်ဂျီ အသင်းက ဘတ်ပီရဲ့ တစ်လုံးတည်သောဂိုးနဲ့ ရီးရယ်လ် အသင်းကို အနိုင် ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ရီးရယ်လ် အသင်းအနေနဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်း ရယူနိုင်မှသာ နောက်တဆင့် တက်ဖို့ အခြေအနေကောင်းမှာ ဖြစ်ပါတယ်။
ရီးရယ်လ် အသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ကတ်စမဲရိုးနဲ့ မန်ဒီတို့ ပွဲပယ်ခံထား ရပြီး တိုနီရူးစ်ကလည်း ကြွက်သား ဒဏ်ရာရှိနေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းကတော့ ဒဏ်ရာပြဿနာ ရှိနေတယ်လို့ သတင်းထွက်နေတဲ့ ဘတ်ပီနဲ့ ရာမို့စ်တို့ကတော့ အသင်းရဲ့ လူ စာရင်းမှာ ပါဝင်လာခဲ့တာပါ။ ရာမို့စ်ကတော့ အသင်းလူစာရင်းနဲ့အတူ ပါဝင်လာခဲ့ပေမယ့် အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့် ပွဲမှာ ပါဝင်ဖို့ အခွင့်အရေး နည်းနေတာ ဖြစ်ပါတယ်။
ရီးရယ်လ်နဲ့ ပီအက်စ်ဂျီ ယှဉ်ပြိုင်နေစဉ်(RTE)
အိမ်ရှင် ရီးရယ်လ်အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ ကော့တွိုက်စ်၊ ကာဗာဂျယ်လ်၊ မီလီတာအို၊ အလာဘာ၊ နာချို၊ မိုဒရစ်၊ တိုနီကရူးစ်၊ ဗယ်လ်ဗာဒီ၊ အဆန်စီယို၊ ဘန်ဇီမာနဲ့ ဗီနီစီးယက်စ်တို့ ပါဝင်နိုင်ပါတယ်။
ပီအက်စ်ဂျီ အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းကတော့ နာဗတ်စ်၊ ဟာကီမီ၊ မာကွင်ဟို၊ ကင်မ်ပန်ဘီ၊ နူနိုမန်ဒက်စ်၊ ဂွီယီ၊ ဗာရတ်တီ၊ ဒါနီလို၊ မက်ဆီ၊ ဘတ်ပီနဲ့ နေမာတို့ ဖြစ်ပါတယ်။
ဒီပွဲစဉ်ကတော့ (၂)သင်းလုံးအတွက် နောက်တစ်ဆင့်တက်ဖို့ အဆုံးအဖြတ် ဖြစ်တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ပြီး အဝေး ဂိုးလည်း မရှိတာကြောင့် အချိန်ပို၊ ပင်နယ်တီ အထိပါ ရောက်ရှိ သွားနိုင်ပါတယ်။ နာမည်ကြီး ကစားသမားတွေ အစုံအလင်ပါ နေတဲ့ ပီအက်စ်ဂျီ အသင်းပဲ ကွာတားဖိုင်နယ် တက်သွားမယ်လို့ ထင်မြင်မိပါတယ်။
မန်စီးတီးနဲ့ စပို့တင်းလစ္စဘွန်း
*********************
မန်စီးတီး အသင်းဟာ ပထမအကျော့ကတည်းက အဝေးကွင်းမှာ စပို့တင်းလစ္စဘွန်း အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရ ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒုတိယအကျော့တောင် ကစားစရာမလိုပဲ မန်စီးတီးအသင်း ကွာတားဖိုင်နယ် တက် ရောက်သွားပြီလို့တောင် ပြောလို့ရနိုင်တာပါ။ မန်စီးတီး အသင်းမှာ ရူဘင်ဒီယက်က ဒဏ်ရာ၊ ဝေါ်လ်ကာက ပွဲပယ်ကြောင့် ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
စပို့တင်းလစ္စဘွန်း အသင်းမှာ နူနက်စ်က ပွဲပယ်၊ ဘရာကန်ကာ၊ ဂွန်ကဲလ်ဗတ်စ်၊ ပယ်လ်ဟင်ဟာတို့ဟာ ဒဏ်ရာပြဿနာ ရှိနေကြတာပါ။ ဒီပွဲအတွက် မန်စီးတီးရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းမှာ အီဒါဆန်၊ ဂျွန်စတုန်းစ်၊ ဖာနန်ဒင်ဟို၊ လာပေါ်တေး၊ ဇင်ချန်ကို၊ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီ၊ ဂန်ဒိုဂန်၊ စတာလင်၊ ဂျီးဆပ်စ်နဲ့ ဂရီလစ်ရှ်တို့ကို ပါဝင်လာနိုင်ပါတယ်။
မန်စီးတီးနဲ့ စပို့တင်းလစ္စဘွန်း ယှဉ်ပြိုင်နေစဉ်(Bola)
စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းမှာတော့ အဒမ်၊ အင်အာစီယို၊ ကိုအာတက်စ်၊ ဖက်ဒယ်လ်၊ ပိုရို၊ အူဂါတီ၊ အက်ဆူဂို၊ ရီရတ်စ်၊ ဆာရာဘီယာ၊ ဆလီမာနီ၊ နူနိုဆန်းတို့စ် တို့ကို ပွဲထွက်လာနိုင်တာ ဖြစ်ပါတယ်။
ဒီပွဲကတော့ နောက်တစ်ဆင့်တက်ဖို့ အဖြေထွက်ပြီးသားဖြစ်ပြီး စပို့တင်းလစ္စဘွန်း အသင်းက ဂုဏ်သိက္ခာအရ ကစားတဲ့ပွဲ ဖြစ်ပါတယ်။ မန်စီးတီး အသင်းအနေနဲ့ ဒီပွဲမှာလည်း ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးပေါက်ကန်သွင်းမှုအသာနဲ့ စပို့တင်းလစ္စဘွန်း ကို ဖိအားပေးကစားမှာဖြစ်ပြီး နောက်ထပ်နိုင်ပွဲကို ထပ်မံရယူနိုင်မယ်လို့ သုံးသပ်မိပါတယ်။