CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
မန်ချက်စတာယူနိုက်တက် ဘယ်နောက်ခံလူ လုပ်ခ်ရှော က မန်ချက်စတာယူနိုက်တက် အသင်း ချန်ပီယံလိဂ် ဖလား ရယူနိုင်တယ်လို့ ပြောလိုက်ပါတယ်။ လုခ်ရှောကတော့ သူဒီလို ပြောခဲ့တာကို လူတွေက မိုက်မဲတယ်လို့ ထင်နေကြလိမ့်မယ်လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီး ရက်ဂ်နစ် ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားတာပါ။ ရက်ဂ်နစ် လက်ထက်မှာ အသင်းဟာ အနည်းငယ်သာလွန် ကောင်းမွန် ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ စပါးနဲ့ အာဆင်နယ် အသင်းတို့နဲ့အတူ ရုန်း ကန်နေရပြီး ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရောက်ဖို့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရတာပါ။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီ ပြည်တွင်းပြိုင်ပွဲတွေမှာ ချန်ပီယံမျှော်လင့်ချက်တွေကို စွန့်လွှတ် ခဲ့ရတာဖြစ်ပြီး ရယူနိုင်စရာဆုဖလားအဖြစ် ချန်ပီယံလိဂ်သာ ရှိတာဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်ပြိုင်ပွဲမှာ ရုန်းကန်ခဲ့ရပေမယ့် နည်းပြ တူချယ်လ် က ချန်ပီယံလိဂ်ဖလား ရရှိအောင် ကိုင်တွယ်ပေး နိုင်ခဲ့တာပါ။ လုပ်ခ်ရှော ကတော့ ချယ်လ်ဆီးကို အတုယူပြီး ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ယုံကြည်နေတာ ဖြစ်ပါ တယ်။
လုပ်ခ်ရှော က “ဒါက ရာသီရဲ့ အကြပ်အတည်းအချိန်နဲ့ လိဂ်ပြိုင်ပွဲမှာ အရှိန်အနည်းငယ်ရလာဖို့ က အလွန် အရေး ကြီးပါတယ်။ အသင်းတသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တယ်လို့ ယုံကြည်ပါတယ်။ အပြင်က လူတော် တော်များများကတော့ ဒီလိုထင်ကြမှာမဟုတ်ပါဘူး။ တချို့က ဒီလိုပြောလို့ ကျနော့်ကို မိုက်မဲတယ်လို့ ထင်နေကြ ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့မှာ အနိုင်ရနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် လုပ်ခ်ရှော က ထပ်ပြီး “ဒီအဝတ်လဲခန်းက ကစားသမားတွေ၊ဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲသူတွေ အားလုံးက ကျနော်တို့ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်ဆိုတာသေချာပါတယ်။အခု ကျနော်တို့ အရှိန်ယူဖို့၊ ရလဒ် ကောင်းတွေရယူပြီး ကောင်းမွန်စွာဆက်ကစားနိုင်ဖို့လိုအပ်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်အပတ်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အသလက်တီကို အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:TheSun