CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

မြန်မာ ယူ-၂၂ အသင်းဟာ ကိုဗစ်ပြဿနာတွေကြောင့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ မြန်မာ အသင်းဟာ ဒီနေ့မှာ မလေးရှားအသင်းနဲ့ ပွဲစဉ်ယှဉ်ပြိုင်ဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် PCR ၊ RDT တို့နဲ့ စစ်ဆေးခဲ့တာမှာ ကစားသမားတချို့ ကိုဗစ်ကူးစက်နေသလို တချို့ကစားသမားတွေက လည်ချောင်းနာခြင်း၊ ဖျားနာခြင်း၊ ဝမ်းပျက်ခြင်းနဲ့ မောပန်း နွမ်းနယ်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရှိခဲ့ပါတယ်။

မြန်မာ အသင်းဟာ မလေးရှားနဲ့ပွဲကို ကစားဖို့ ကစားသမား အရေအတွက် နည်းပါးနေပြီး အများစုက ရောဂါလက္ခဏာတွေ ပြသနေခဲ့တာပါ။ ဒီလို အခြေအနေတွေကြောင့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကလည်း လက်ခံ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Source: MFF