CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူ ဒိုလိုရတ်စ်အေဗီယိုဟာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကို သူ့သားရဲ့ နာမည်ပါဝင်တဲ့ ပေါ်တူဂီ ဂျာစီကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့ ဂိုးလ်ကွန်းက ဖော်ပြပါတယ်။
ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူဟာ ဗာတီကန်ကို သွားရောက်ခဲ့တာဖြစ်ပြီး အပတ်စဉ် အခါသမယမှာ ကတ်သလစ် အသင်းတော်ရဲ့ အကြီးအကဲဖြစ်သူက လူအများအပြားကို နှုတ်ဆက်ပြီး လမ်းညွှန်မှုပေးတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူ ဒိုလိုရတ်စ်ဟာ ပုပ်ရဟန်းမင်းကြီးနဲ့ မတွေ့ဆုံခင်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ ကောင်းချီးမင်္ဂလာကို ခံယူ ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့တာပါ။ ဒိုလိုရတ်စ်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်နဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာ သူ့သားရဲ့ နာမည်ရေးထိုးထားတဲ့ ပေါ်တူဂီဂျာစီကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒိုလိုရတ်စ်သည် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်နဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို အလွန်ထူးခြားတဲ့ စိတ်ခံစားမှု၊ ကျေးဇူးတင် ပါတယ်”လို့ ရေးသားထားတဲ့စာနဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မိခင်ဖြစ်သူ ဒိုလိုရတ်စ်ကိုတွေ့ရစဉ်(American Post)
ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ သူ့ရဲ့ ဒေသခံ အာဂျင်တီးနား အသင်းတစ်သင်းဖြစ်တဲ့ ဆန်လော်ရန်ဇိုအသင်းရဲ့ တသက်တာ အမာခံပရိသတ်ဖြစ်ပြီး ဘောလုံးဝါသနာရှင်တစ်ဦးလို့ လူသိများပါတယ်။
အရင်ကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကို အာဂျင်တီးနား ဂန္တဝင်ကစားသမားကြီး မာရာဒိုနာက သူ့ရဲ့ ဂျာစီ ပေးခဲ့ဖူးပါ တယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဗျူနိုအေးရိစ်မှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးဘဝက အဝတ်စုတ်တွေနဲ့ ပြုလုပ်ထားတဲ့ ဘောလုံး တစ်လုံးနဲ့ ဘောလုံးကစားခဲ့တာကို ပြန်လည်ပြောပြခဲ့ပါတယ်။
“သူဟာ အခြားကလေးတွေနဲ့ မြို့ရင်ပြင်မှာ ကစားခဲ့ပေမယ့် သူ့ရဲ့ ဘောလုံးစွမ်းရည်ဟာ အကန့်အသတ်နဲ့သာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။သူ့ကို ခြေသလုံး တောင့်တင်းတဲ့သူလို့တောင် ခေါ်ကြပါတယ်။ ဂိုးတွေသွင်းပြီး ကစားရတာက ကျနော့်အတွက် ဘဝကျောင်းတော်ကြီးပါပဲ။ ဂိုးသမားဟာ နေရာစုံကနေလာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ အဆင်သင့် ရှိနေရပါမယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မက်ဆီ၊ ဘူဖွန်တို့နဲ့လည်း ၂၀၁၃ က တွေ့ဆုံခဲ့ပြီး သူကတော့ မက်ဆီကို အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ထုတ်ဖော်ပြောထားပါတယ်။
Source: Daily Mail