CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ချယ်လ်ဆီး အသင်းဟာ ကလပ်ကမ္ဘာ့ဖလားအကြိုဗိုလ်လုပွဲအဖြစ် အယ်လ်ဟီလယ် အသင်းနဲ့ ကစားခဲ့ရာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်သွားပြီဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို တိုက်စစ်မှူး လူကာကူ က သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
လူကာကူ ဟာ အခုနှစ်ထဲမှာ ချက်စတာဖီးလ် အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲမှာသာ ဂိုးသွင်းယူထားနိုင် ပြီး (၅)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့တာပါ။ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်း လက်ထောက်နည်းပြ ဆော့ဒ်လို က လူကာကူ ကို ချီးကျုးသွားခဲ့ပါတယ်။
“သူဂိုးသွင်းနိုင်လို့ လူတိုင်း အလွန်ပျော်ရွှင်ကြပါတယ်။ သူဟာ အလွန်ကြိုးစားပြီး ပွဲထဲမှာလည်း အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာလည်း သူဆက်ပြီး ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ကြောင်း” ပြောခဲ့ပါတယ်။
ချယ်လ်ဆီး အသင်းနည်းပြချုပ် တူချယ်လ် ဟာ ကိုဗစ်ကူးစက်ခံနေရတာကြောင့် ဒီပွဲကို အိမ်ကနေပဲ ကြည့်ရှု ခဲ့ရတာပါ။ လက်ထောက်နည်းပြနဲ့ ဖုန်းအဆက်အသွယ်ရှိခဲ့ပြီး ပထမပိုင်းအပြီးမှာ စကားပြောခဲ့တာဖြစ်ပါတယ်။ ဆော့ဒ်လို က “တူချယ်လ် အမြန်ဆုံး ဒီ ကို ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူဟာ ကိုဗစ်မရှိတော့ဘူးဆိုရင် ဒီကို လာရောက်နိုင်မှာပါ။ ကျနော်တို့ သူ့ကိုစောင့်နေပြီး ဗိုလ်လုပွဲမှာ သူ ပျော်ရွှင်စွာနဲ့ရောက်လာဖို့ ဆုတောင်း တယ်လို့” ပြောခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီး အသင်းဟာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ (၁၉) နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားအများအပြားရယူထားနိုင်ခဲ့တာဖြစ်ပေမယ့် ကလပ်ကမ္ဘာ့ဖလားရယူထားခြင်းမရှိသေးပါဘူး။ ချယ်လ်ဆီး အသင်းဟာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို (၂၀၁၂) က တစ်ကြိမ်တက်နိုင်ခဲ့ပေမယ့် ကိုရင်သီယန်ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီတစ်ကြိမ်မှာတော့ ဒီ ဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားကြိုးစား နေတာပါ။
ချယ်လ်ဆီး အသင်းဟာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီ(၁၂)ရက်မှာ ဘရာဇီးလ် ကလပ် ပယ်လ်မီး ရတ်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Dailymail