CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

အမေရိကန်အိုးပန်း ချန်ပီယံဟောင်း ဒယ်လ်ပေါ်ထရိုဟာ ဒဏ်ရာကြောင့် (၂)နှစ်ခွဲနီးပါး အနားယူပြီးနောက် ပြန်ကစားတဲ့ပွဲမှာ အရေးနိမ့် သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒယ်လ်ပေါ်ထရိုက သူနောက်တစ်ကြိမ် ပြန်ကစားနိုင်ပါ့မလားဆိုတာ မသိဘူးလို့ ပြော ပြီး တင်းနစ်လောကကို နှုတ်ဆက်တဲ့ အရိပ်အမြွက်ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဒယ်လ်ပေါ်ထရိုဟာ အာဂျင်တီးနား အိုးပန်းပြိုင်ပွဲရဲ့ ပထမအဆင့်မှာ တစ်နိုင်ငံတည်းသာ ဒယ်လ်ဘိုနစ်စ်ကို ၆-၁၊ ၆-၃ နဲ့ ၂ ပွဲ ပြတ် အရေးနိမ့်ခဲ့တာပါ။ အသက်(၃၃)နှစ်အရွယ်ရှိ ဒယ်လ်ပေါ်ထရိုဟာ ဒီပွဲအပြီးမှာ ငိုကြွေးနေခဲ့တာဖြစ်ပြီး ဒယ်လ်ဘိုနစ်စ်က နှစ်သိမ့်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒယ်လ်ပေါ်ထရိုက “ဖြစ်နိုင်ဖွယ်ရှိတာကတော့ ကျနော်တို့ နောက်ထပ် ပြန်မတွေ့နိုင်တော့ပါဘူး”လို့ ပွဲအပြီးမှာ ပြောခဲ့ပါ တယ်။

ဒယ်လ်ပေါ်ထရိုကိုတွေ့ရစဉ်(Warrungton Guardian)

ကမ္ဘာ့နံပတ်(၃) တင်းနစ်ကစားသမားဟောင်း ဒယ်လ်ပေါ်ထရိုဟာ ၂၀၁၉ က ကျင်းပခဲ့တဲ့ Queen’s ပြိုင်ပွဲမှာ ဒူးရိုးကျိုးပြီး ကတည်းက ပြိုင်ပွဲတွေ မကစားနိုင်တော့တာပါ။ ဒယ်လ်ပေါ်ထရိုဟာ ဒူးကို ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် ခွဲစိတ်မှု အများအပြား ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒယ်လ်ပေါ်ထရိုဟာ လာမယ့်အပတ်မှာ ကစားမယ့် ရီယိုအိုးပန်း ပြိုင်ပွဲကိုလည်း ပါဝင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဒယ်လ်ပေါ်ထရိုက “ကျနော်ဆရာဝန်တွေနဲ့ ထပ်မံ စကားပြောရပါဦးမယ်။ ဒူးကို ဂရုစိုက်ရပါမယ် ပြီးရင်တွေ့ရပါမယ်။ ဒီနေ့က နောက်ဆုံးအကြိမ် ဖြစ်ခဲ့တယ်ဆိုရင်လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်သွားမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒယ်လ်ပေါ်ထရိုဟာ ဂရမ်းဆလမ်း အောင်မြင်မှုအဖြစ် ၂၀၀၉ က အမေရိကန် အိုးပန်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာပါ။ သူဟာ ပြင်သစ်နဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲတွေမှာ အကြိုဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပြီး သြစတြေးလျအိုးပန်းမှာ ကွာတားဖိုင်နယ် အထိ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒယ်လ်ပေါ်ထရိုဟာ ကစားသမားဘဝ ဆုဖလား ပေါင်း ၂၂ ကြိမ် ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

Source: BBC