CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၄

မြန်မာပြည်ဖွား MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ One Championship ပြိုင်ပွဲရဲ့ Full Circle ပြိုင်ပွဲအဖြစ် ဘစ်ဒတ်ရှ်နဲ့ ထိုးသတ်ရမှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းနဲ့ ဘစ်ဒတ်ရှ်တို့ဟာ မစ်ဒယ်ဝိတ်တန်း ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အဓိက ပွဲစဉ် အဖြစ်ကတော့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ပွဲစဉ်အဖြစ် ရိုင်နီယာနဲ့ အက်ဘ်ဆော့ဗ်တို့ ထိုးသတ်ကြမှာပါ။

ရိုင်နီယာဟာ အောင်လအန်ဆန်း ဆီကနေ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်တွေကို ရယူထားတာ ဖြစ်ပါတယ်။ အက်ဘ်ဆော့ဗ်ကတော့ ဝယ်လ်တာဝိတ် ကမ္ဘာ့ချန်ပီယံပါ။ ဒီပြိုင်ပွဲမှာ လိုက်ဟဲဗီးဝိတ် ကစ် ဘောက်ဆင် ကမ္ဘာ့ချန်ပီယံပွဲအဖြစ် ရိုမန်နဲ့ မူရတ်၊ ဖယ်တာဝိတ် မွေထိုင်း ကမ္ဘာ့ချန်ပီယံ ပွဲစဉ်အဖြစ် ပတ်ချ်မိုရတ်ခ်နဲ့ ဂျမဲလ် ယူဆူပေ့ါဗ်တို့ ယှဉ်ပြိုင် ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းနဲ့ဘစ်ဒတ်ရှ် ထိုးသတ်နေစဉ်(ONE Championship)


Full Circle ပြိုင်ပွဲမှာ ပွဲပေါင်း ၁၄ ပွဲအထိ ထိုးသတ်ကြမှာ ဖြစ်တယ်လို့ One Championship က ထုတ်ပြန်ထားတာပါ။
အောင်လအန်ဆန်းနဲ့ ဘစ်ဒတ်ရှ်တို့ဟာ တတိယအကြိမ်မြောက် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ထိုးခဲ့တဲ့ ပွဲမှာ တော့ ဘစ်ဒတ်ရှ်က အနိုင်ရခဲ့တာဖြစ်ပြီး ရန်ကုန်မှာ ထိုးခဲ့တဲ့ ပွဲမှာတော့ အောင်လအန်ဆန်းက အနိုင်ရထားပါတယ်။

အဲ့ဒါကြောင့် သူတို့ ၂ ဦးလုံးဟာ တစ်ပွဲစီ အနိုင်ရထားကြတာဖြစ်လို့ ဒီပွဲမှာ အနိုင်ရဖို့ဟာ ၂ ဦးလုံးအတွက် အရေးပါနေတာ လည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ ဘစ်ဒတ်ရှ်ကို အနိုင်ရပြီးကတည်းက မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ ချန်ပီယံဆုတွေကို ရယူပြီး ထိန်းသိမ်းနိုင်ခဲ့တာပါ။
ဒါပေမယ့် ရိုင်နီယာနဲ့ အတွေ့မှာတော့ အောင်လအန်ဆန်းဟာ ချန်ပီယံဆု ၂ ခုလုံးကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ပွဲမှာ လီအန်ဒရိုကို အနိုင်ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်း အနေနဲ့ ဘစ်ဒတ်ရှ်ကို အနိုင်ရခဲ့မယ်ဆိုရင် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည် စိန်ခေါ်နိုင်ဖွယ် ရှိတာကြောင့် ဒီပွဲဟာ မြန်မာပြည်ဖွား တိုက်ခိုက်ရေးသမားအတွက် အရေးပါတဲ့ ပွဲလည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ MMA ပွဲပေါင်း ၄၀ ထိုးသတ်ထားပြီး ၂၇ ပွဲအနိုင်ရကာ ၁၄ ပွဲ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။

Source: One FC