CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြပိုင်း မငြိမ်မသက်ဖြစ်နေတဲ့အတွက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား(၃)ဦး ခေါ်ယူနိုင်မယ့်အခွင့်အရေးကို ပယ်ချခဲ့တယ်လို့ Metro သတင်းမှာ ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် နိုဝင်ဘာလက ယာယီနည်းပြ အဖြစ် ရက်ဂ်နစ်ကို အခုနှစ်ရာသီအကုန်ထိ ခန့်အပ်ထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိအချိန်ထိ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ မဆုံးဖြတ်ရသေး ပါဘူး။ အဲဒါကြောင့် ကလပ်အသင်းဟာ နည်းပြသစ်မခန့်အပ်ခင်အချိန်ထိ အသစ်ခေါ်ယူထားတဲ့ ကစားသမား တွေဟာ နည်းပြသစ်နဲ့ အံဝင်ခွင်ကျမရှိမှာဆိုးတာကြောင့် ဇန်နဝါရီမှာ ကစားသမား မခေါ်ယူခဲ့တာလည်း ဖြစ်ပါ တယ်။ မန်ချက်စတာကလပ်ဟာ (၂၀၁၉)နောက်ပိုင်း ပထမဆုံးအကြိမ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား မခေါ်ယူခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ကစားသမား(၃)ဦးဖြစ်တဲ့ အယ်လ်ဗားရတ်ဇ်၊ဇာကာရီယာနဲ့ ကာမာရာ တို့ဟာ မန်ချက်စတာယူနိုက်တက်ကို လာရောက်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမန်နို က ရေးသားထားပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗားရတ်ဇ် ဟာ မန်ချက်စတာယူနိုက်တက်ကို လာ ရောက်ချင်ပေမယ့် အသင်းကတော့ တိုက်စစ်မှူးသစ်တစ်ဦးကို အိုးထရက်ဖိုဒ့်ထံ ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိခဲ့ ပါဘူး။ နောက်ဆုံးမှာတော့ အယ်လ်ဗားရတ်ဇ် ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကို (၅)နှစ်ခွဲစာချုပ်ချုပ်ကာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဇာကာရီယာ ကို ခေါ်ယူဖို့ ကစားသမားရဲ့အေးဂျင့်က ဒီဇင်ဘာ လကတည်းက ဆက်သွယ်မှုတွေပြုုလုပ်ခဲ့တာပါ။ ဒါပေမယ့် အိုးထရက်ဖိုဒ့်ကလပ်က မခေါ်ယူခဲ့တာကြောင့် ကစား သမားဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဂျုဗင်တပ်စ် အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မာဆေးလ်ကြယ်ပွင့် ကာမာရာနဲ့လည်း ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် နည်းပြသစ်ဟာ သူ့ကို ကောင်းမွန်စွာ အသုံးချနိုင်မလားဆိုတာ မသိတဲ့အတွက် ထပ်မံငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတပတ်မှာတော့ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဉ်အဖြစ် မယ်ဒယ် ဘရော့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

 Source:Metro