CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃

အဲရစ်ဆန် အနေနဲ့ နှလုံးစစ်ဆေးမှုမှာ ပြဿနာရှိနေမယ်ဆိုရင်တောင် (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင် ကစားနိုင်တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) က အတည်ပြုလိုက်ပါတယ်။ အဲရစ်ဆန် ဟာ ဒိန်းမတ် လက် ရွေးစင်အသင်းအတွက် ယူရိုပြိုင်ပွဲပါဝင်ကစားနေချိန်မှာ ကွင်းအတွင်း ရုတ်တရတ်လဲကျမှုဖြစ်ခဲ့ပြီးနောက် (၇)လအကြာ ပြီးခဲ့တဲ့အပတ်က ဘရန်ဖိုဒ့်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

စပါးနဲ့ အင်တာမီလန် အသင်း ကွင်းလယ်ကစားသမားဟောင်းက (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိန်းမတ် လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ ပစ်မှတ်ထားထားတယ်လို့ ထုတ်ပြောထားတာပါ။ ဖီဖာဟာ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ ကစားသမားတွေအားလုံးရဲ့ နှလုံးရပ်နိုင်တဲ့အန္တရယ်တွေကို သိရှိနိုင်ဖို့အတွက် စစ်ဆေးမှုခံယူဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။ ဒါပေမယ့် အဲရစ်ဆန် ပါဝင်ကစားတာကို တားဆီးမှာတော့ မဟုတ်ဘူးလို့ သိရပါတယ်။

ဒိန်းမတ်ကစားသမားဟာ ယူရိုပြိုင်ပွဲမှာ နှလုံးရပ်ပြီး ကွင်းအတွင်း လဲကျခဲ့ပြီးနောက် နှလုံးခုန်နှုန်းထိန်းတဲ့စက်ကို တပ်ဆင်ထားရတာဖြစ်ပါတယ်။ အဆိုပါစက်ဟာ နှလုံးခုန်နှုန်းရပ်သွားတာကို တားဆီးဟန့်တားနိုင်တဲ့ နှလုံး ခုန်နှုန်းထိန်းစက် အမျိုးအစားဖြစ်တာပါ။ ဖီဖာရဲ့ ကမ္ဘာ့ဖလားစည်းမျဉ်းမှာ ကစားသမားအားလုံး နှလုံးစစ်ဆေးခြင်း အပါအဝင် ဆေးစစ်မှုခံယူပြီးကြောင်း အတည်ပြုဖို့ ပါဝင်တာဖြစ်ပါတယ်။ ဒါပေမယ့် အပြီးသတ်ခေါ်ဆိုမှုကို အ တည်ပြုဖို့အတွက် အဲရစ်ဆန်နဲ့ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်တို့က ပြုလုပ်ရမှာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) က “ဖီဖာရဲ့ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကစားသမားတိုင်းဟာ သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာမှန်သမျှကို အပြည့်အဝသိရှိနိုင်စေဖို့အတွက် နှလုံးစစ်ဆေးမှုကို ပြုလုပ် ရပါမယ်။ ကစားသမားတယောက် ကစားနိုင်မလားဆိုတဲ့ အဆုံးအဖြတ်ကို ကစားသမားနဲ့သက်ဆိုင်ရာ အသင်း အဖွဲ့တွေက အဆုံးအဖြတ်ပေးပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆန် ဟာ ဘရန်ဖိုဒ့် အသင်းကို ပြောင်းရွှေ့နိုင်ဖို့အတွက် ဆေးစစ်မှုခံယူပြီးနောက် အမ်စတာဒမ်မှာ အပြောင်း အရွှေ့ အသေးစိတ်အချက်အလက်တွေကို အပြီးသတ်နိုင်ခဲ့တာပါ။

သူဟာ မကြာသေးခင်ကမှ ကာကွယ်ဆေးထိုး ပြီးနောက် ဗြိတိန်ကို အစောဆုံး တနင်္ဂနွေနေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။ အဲရစ်ဆန် ဟာ အစိုးရရဲ့ စည်းမျဉ်း တွေကြောင့် လာမယ့်အပတ်အထိ လေ့ကျင့်ရေးမစနိုင်သေးဘဲ ဒီပတ်မှာ ကစားမယ့် အဲဗာတန်နဲ့ပွဲမှာ ပါဝင် ကစားနိုင်မှာ မဟုတ်သေးပါဘူး။ အဲရစ်ဆန် ဟာ ဖေဖော်ဝါရီ(၁၂)ရက်မှာ ကစားရမယ့် ပဲလေစ့်နဲ့ပွဲစဉ်မှာ ဘရန်ဖိုဒ့် အသင်းအတွက် ပွဲဦးထွက် ပါဝင်ဖွယ်ရှိနေတာပါ။

Source:TheSun