CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄

ဘရာဇီးလ် ယူ(၂၀)ပွဲစဉ်တပွဲမှာ ကွင်းအတွင်းထဲကို ဝင်ရောက်ကျုးကျော်လာတဲ့ ပရိသတ်တွေက ကစားသမား တွေကို ဓါးနဲ့ ပစ်ပေါက်ခဲ့လို့ ပွဲကိုရပ်တန့်ခဲ့ရတယ်လို့ အားကစားသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆာအိုပေါ်လိုနဲ့ ပယ်လ်မီးရက်စ်တို့ ကစားခဲ့တဲ့ ကိုပါဆာအိုပေါ်လိုဂျုနီယာပွဲမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ ပွဲပြီး ဆုံးဖို့ မိနစ်အနည်းငယ်ပဲ လိုတော့တဲ့အချိန် ပယ်လ်မီးရတ်စ်အသင်းက ဆာအိုပေါ်လိုအသင်းကို ၁ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ရာမှာ ပရိသတ်အများအပြားက ပယ်လ်မီးရတ်စ် ကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကွင်းထဲ ပြေးဝင်လာခဲ့တာဖြစ်ပါတယ်။

ဆာအိုပေါ်လို အသင်းရဲ့ ကစားသမားအများအပြားကတော့ သူတို့ပရိသတ်တွေကို ထိန်းချုပ်ခဲ့ပေမယ့် ပရိသတ် တဦးကတော့ ပယ်လ်မီးရတ်စ် ကစားသမားထံ ရောက်အောင်သွားခဲ့တာပါ။ ကွင်းလယ်ဒိုင်လူကြီးကတော့ ပင် နယ်တီဧရိယာအတွင်းမှာ ပစ်ချထားတဲ့ အနက်ရောင်ဓါးကို ကောက်ယူပြီး ကိုင်တွယ်ခဲ့တာကို တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲကို ပြန်လည်မစတင်ခင်(၆)မိနစ်ခန့်ရပ်နားထားခဲ့ရပြီး နောက်ဆုံးမှာ ပယ်လ်မီးရတ်စ် အသင်းက ၁ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီ အားကစားကွင်းအတွင်းမှာ လုံခြုံရေးစစ်ဆေးမှုတွေ ဘယ်လိုလုပ်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီးတော့ စုံစမ်း စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ရဲအရာရှိ ဆီဆာဆက်ဒ် က “ပွဲရပ်တန့်နေတဲ့အချိန်မှာ ပရိသတ်(၂)ဦးက ကွင်းအတွင်းကို ကျုးကျော်ဝင်ရောက်လာခဲ့ပြီး တဦးက ပယ်လ် မီးရတ်စ် ကစားသမားကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဆာအိုပေါ်လို ကစားသမားတွေက နောက် ထပ်တဦးကို ချုပ်နှောင်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ အရာဝတ္ထုတချို့နဲ့ ကွင်းထဲကို ပစ်ပေါက်ခဲ့ကြပါတယ်။ အခြားအရာဝတ္ထုတွေနဲ့အတူ ဓါးကိုပါ ကွင်းထဲကို ပစ်ပေါက်ခဲ့တာကို သိလိုက်ရပါတယ်”လို့ ဆိုပါတယ်။

ပရိသတ်တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ပယ်လ်မီးရတ်စ် နောက်ခံလူ လူးကပ်စ် ဟာ အဆိုပါ ပရိသတ်တွေထဲက တဦးနဲ့ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အဆိုပါ နောက်ခံလူဟာ အာဏာပိုင်တွေနဲ့ စကားပြောခဲ့တယ်လို့လည်း သိရပါတယ်။ ရဲအရာရှိက “အစပိုင်းတုန်းကတော့ ပရိသတ်တဦးဟာ ဒီ ဓါးနဲ့ ပယ်လ်မီးရတ်စ် ကစားသမားကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့မယ်လို့ ကျနော်တို့ထင်ခဲ့တာပါ။ ဒိုင်လူကြီးတွေ ကိုယ်တိုင် က ကျနော့်ကို သူတို့ရဲ့အခန်းထဲကိုခေါ်ပြီး whatsApp မှာ ပျံ့နှံနေတဲ့ ဓါတ်ပုံတပုံကို ပြသခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အားလုံးကို စုံစမ်းစစ်ဆေးသွားမယ်လို့”ပြောခဲ့တာဖြစ်ပါတယ်။

Source: Sportbible