CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ဖယ်လိုင်နီဟာ တရုတ်စူပါလိဂ်မှာ လစာအများကြီး ရရှိနေတာ ဖြစ်ပြီး အားလပ်ရက်အဖြစ် ချစ်သူဖြစ်တဲ့ ရုရှားသူ ဗစ်တိုရီးယားအဲလက်စ်နဲ့အတူ ကမ်းခြေမှာ အပန်းဖြေ အနားယူနေတာ ဖြစ်ပါတယ်။
ဖယ်လိုင်နီဟာ ရေထဲမှာ ချစ်သူဖြစ်သူနဲ့အတူ ပျော်ရွှင်နေတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး အနမ်းခြွေနေခဲ့တာပါ။ ဖယ်လိုင်နီဟာ မန်ချက်စတာယူနိုက်တက် အသင်းကနေ တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းတိုင်ရှန်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
တရုတ်ကလပ်အသင်းနဲ့အတူ ဖယ်လိုင်နီဟာ တရုတ်စူပါလိဂ်နဲ့ဖလား ချန်ပီယံဆုတို့ကို ရယူပြီးနောက် ချစ်သူနဲ့အတူ St Barts ကမ်းခြေမှာ အနားယူနေတာပဲ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ ကစားသမားဟောင်းဟာ ခပ်မိုက်မိုက် ဆံပင်ပုံစံနဲ့အတူ ကမ်းခြေ ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဖယ်လိုင်နီဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့တုန်းက တစ်ပတ်ပေါင် (၁)သိန်းလောက်ပဲ ရရှိခဲ့တာဖြစ်ပြီး အခု တရုတ်ကလပ်မှာတော့ တစ်ပတ်ပေါင် ၂၃၀၀၀၀ ကျော်အထိ ရရှိနေပါတယ်။ လက်ရှိအချိန်မှာ ဖယ်လိုင်နီကို ခေါ်ယူ ဖို့ နယူးကာဆယ်အသင်းက ကြိုးစားနေပါတယ်။
တရုတ်ကလပ်မှာ ကစားနေတဲ့ ဖယ်လိုင်နီကိုတွေ့ရစဉ်။(BeSoccer)
တူရကီကလပ်တွေဖြစ်တဲ့ ဘက်ဆီးတပ်စ်နဲ့ ဂါလာတာစာရေး အသင်းတို့ကလည်း ဖယ်လိုင်နီကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ ဖယ်လိုင်နီဟာ ၂၀၁၉ က မန်ချက်စတာယူနိုက်တက် အသင်းကနေ မထွက် ခွာခင် အချိန်ထိ မန်ချက်စတာကလပ်အတွက် ပွဲပေါင်း ၁၇၇ ပါဝင်ကစားခဲ့ပြီး ၂၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဖယ်လိုင်နီဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့အတူ လိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တို့ကို ရယူနိုင်ခဲ့တာပါ။ ဖယ်လိုင်နီသည် မန်ချက်စတာယူနိုက်တက် အသင်းမှာ မကစားခင် အဲဗာတန် အသင်းမှာ ကစားခဲ့တာ ဖြစ်ပါတယ်။
ဖယ်လိုင်နီ အနေနဲ့ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံရှိပြီး ရာသီဥတုနဲ့လည်း အသားကျပြီးသား ဖြစ်တာကြောင့် နယူးကာ ဆယ် အသင်းက သူ့ကို ခေါ်ယူချင်နေခဲ့တာပါ။ ဒါပေမယ့် ဖယ်လိုင်နီနဲ့ တရုတ်ကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
ဖယ်လိုင်နီသည် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းအတွက် ၈၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၈ ဂိုးသွင်းယူကာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်ရွေးစင် ကစားသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။
Source: The Sun