CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉

ဘရန်ဖိုဒ့်အသင်းဟာ အဲရစ်ဆင်ကို ကာလတိုစာချုပ်ဖြစ်တဲ့ ၆ လစာချုပ်နဲ့ ကမ်းလှမ်းထားတယ်လို့ The Athletic က ဖော်ပြ ထားပါတယ်။

အဲရစ်ဆင်ဟာ ယူရိုပြိုင်ပွဲမှာ နှလုံးရောဂါကြောင့် ကွင်းအတွင်း လဲကျခဲ့ပြီးနောက် နှလုံးခုန်နှုန်းထိန်းစက်ကို တပ်ဆင်ထားရ တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း စီးရီးအေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့အတွက် အဲရစ်ဆင်ဟာ အင်တာမီလန် အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာလာခဲ့ရတာပါ။ အဲရစ်ဆင်ဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။

အဲရစ်ဆင်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဒိန်းမတ်လက်ရွေးစင် အသင်းနဲ့အတူ ကစားချင်တဲ့ သူ့ရဲ့အိမ်မက်ကြောင့် အသင်းတစ်သင်းမှာ ကစားဖို့ စီစဉ်နေတာပါ။ အဲ့ဒါကြောင့် ဘရန်ဖိုဒ့်အသင်းဟာ အဲရစ်ဆင်ကို ကာလတို ၆ လစာချုပ်နဲ့ ကမ်းလှမ်းထားပြီး စာချုပ်သက်တမ်းကုန်ရင် နောက်ထပ် သက်တမ်းတိုးခွင့်လည်း ရှိနေတာဖြစ်ပါတယ်။ စပါး ကစားသမား ဟောင်း အဲရစ်ဆင်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် ပဲလေစ့်နဲ့ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ် အသင်းကလည်း စိတ်ဝင်စား နေတာ ဖြစ်ပေမယ့် ဘရန်ဖ်ုဒ့်ကတော့ သူ့ကို ခေါ်ယူနိုင်ဖို့ ဦးဆောင်နေတာပါ။

အဲရစ်ဆင်ကိုတွေ့ရစဉ်။(Eurosport)

ဘရန်ဖိုဒ့်အသင်းဟာ အဲရစ်ဆင်ကို ခေါ်ယူခဲ့မယ်ဆိုရင် အားကောင်းတဲ့ ဒေါ့မွန်အစုအဖွဲ့ကို ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဘရန်ဖိုဒ့် အသင်းနည်းပြ သော်မတ်စ်ဖရန့်ခ်ဟာ အဲရစ်ဆင်ကို လူငယ်အသင်း အဆင့်မှာ ကိုင်တွယ်ခဲ့တာပါ။ ဘရန်ဖိုဒ့် အသင်းမှာ ဒိန်းမတ် ကစားသမားတွေဖြစ်တဲ့ နော်ဂတ်၊ ဂျော်ဆန်၊ ဂျော်ဂျန်ဆန်၊ ဘစ်စတရက်ပ်၊ ဆိုရင်ဆန်၊ ရိုအာဆလပ်ဗ်၊ ရာဆစ်၊ လောဆယ်လ်တို့ ပါဝင်ကစားနေတာ ဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းကို စီးရီးအေဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပွဲပေါင်း ၆၀ ပါဝင် ကစားခဲ့ကာ ၈ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဒိန်းမတ်ကွင်းလယ်လူဟာ အင်တာမီလန်အသင်း မတိုင်ခင် အေဂျက်စ်နဲ့ စပါး အသင်း တွေမှာ ကစားခဲ့ကာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ဒိန်းမတ် လက်ရွေးစင် အသင်းအတွက် ၂၀၁၀ ပြည့် နှစ်က စတင်ပွဲထွက်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၀၉ ပွဲ ပါဝင်ကစားကာ ၃၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: 90 Min