CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၉

ချန်ပီယံရှစ်ကလပ် လက်စတာအသင်းဟာ အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်မှုအတွက် ရမှတ် ၆ မှတ်လျှော့ချခံရမှုအပေါ် အယူခံဝင်ခဲ့တာမှာ ရှုံးနိမ့်ခဲ့ပါတယ်။ 

အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့လွတ်လပ်တဲ့ကော်မရှင်တစ်ခုက ဖေဖော်ဝါရီလမှာ ပြစ်ဒဏ်ချမှတ်ခဲ့တာကြောင့် လက်စတာအသင်းဟာ အဆင့် ၁၇ ကနေ အဆင့် ၂၀ ကို ကျဆင်းသွားခဲ့ပါတယ်။

အခုအချိန်မှာတော့ လက်စတာအသင်းဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့တန်းဆင်းဇုန်ထဲကို ကျရောက်နေပြီး တန်းဆင်းဇုန်အထက်က အသင်းနဲ့ ၁ မှတ်သာကွာဟတာပါ။ 

လက်စတာအသင်း ကစားသမားများကိုတွေ့ရစဉ်

ရမှတ်လျှော့ချခံရမှုအပေါ် အယူခံလည်း အရေးနိမ့်ခဲ့တာကြောင့် လက်စတာအသင်းဟာ ချန်ပီယံရှစ်ပွဲစဉ် ကစားဖို့ကျန်ရှိနေတဲ့ ၅ ပွဲမှာ ရလဒ်ကောင်းရယူပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။ 

လက်စတာအသင်းကတော့ အယူခံကိစ္စပြီးဆုံးသွားပြီဖြစ်တဲ့အတွက် လက်ကျန် ၅ ပွဲကို အပြည့်အဝအာရုံစိုက်ဖို့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 

လက်စတာအသင်းအလံကိုတွေ့ရစဉ်

လက်စတာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံရှစ် ၁၂ ပွဲမှာ ၁ ပွဲသာအနိုင်ရထားတဲ့အထိ ရလဒ်တွေဆိုးနေတာဖြစ်ပြီး လက်ကျန်ပွဲတွေမှာ ရလဒ်တွေမကောင်းရင် လိဂ်ဝမ်းထံ တန်းဆင်းရတော့မှာပါ။

လက်စတာအသင်းဟာ ချန်ပီယံရှစ်လက်ကျန်ပွဲတွေအဖြစ် ဆွမ်ဆီး၊ ပို့စ်မောက်၊ ဟားလ်စီးတီး၊ မီလ်ဝေါ်လ်၊ ဘလက်ဘန်းအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။