၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃

ပီအက်စ်ဂျီအသင်းစူပါစတား နေမာဟာ ၂၀၂၂ ခုနှစ် နှစ်သစ်ဂုဏ်ပြုပွဲအဖြစ် သူ့ရဲ့မြေအောက်ခန်းတစ်ခုမှာ သုံးရက်ကြာ လျှို့ဝှက်ပါတီတစ်ခု ကျင်းပခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ် ကစားသမားဟာ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ မီးရှုးမီးပန်းတွေ၊ လိုက်ဖ်ရှိုးတွေ၊ ရေကူးကန် ပါတီပုံစံ တွေနဲ့ နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြတာပါ။ အသက်(၂၉)နှစ်အရွယ်ရှိ နေမာကို ဝေဖန်ပြောဆို နေကြ ပေမယ့် ၎င်းက သူ့လုပ်ရပ်ကိုကာကွယ်တဲ့အနေနဲ့ ပါတီပွဲပြုလုပ်တာကို ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် နေမာဟာ အခုလို ပါတီပြုလုပ်တာကို ပြင်ပကို မရောက်အောင် ပြင်းပြင်းထန်ထန်ကြိုးပမ်းခဲ့တာပါ။ စပိန်က မွန်ဒိုဒီပို့တီဗိုရဲ့ ဖော်ပြမှုအရ နေမာဟာ သူ့ရဲ့ဧည့်သည်တွေကို ဖုန်းနဲ့ကင်မရာများ ယူဆောင်ပြီး မြေ အောက်ခန်းအတွင်းထဲသို့ ဝင်ရောက်ခြင်းမပြုဖို့ တင်းတင်းကြပ်ကြပ်ထားမြစ်ထားတာဖြစ်ပါတယ်။ ဒီလို လုပ် ဆောင်ခဲ့ပေမယ့် ပါတီပွဲက ပုံရိပ်အချို့ဟာ ပြင်ပမှာ ထွက်ပေါ်လာခဲ့တာပါ။ ဒီပွဲကို လာရောက်တဲ့ ဧည့်သည်တွေ ဟာ ကံကောင်းခြင်းကို ကိုယ်စားပြုတယ်လို့ ယူဆတဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

စင်မြင့်တစ်ခုပေါ်မှာ တူရိယာပစ္စည်းအပြည့်နဲ့ တီဝိုင်းတစ်ခု ဖန်တီးပြုလုပ်ထားတာပါ။ အဲဒီနေရာရဲ့ အရှေ့မှာ ကခုန်ပျော်ရွှင်ကြမယ့် ကြမ်းပြင်ကြီးလည်း ရှိနေတာဖြစ်ပါတယ်။ နေမာဟာ ဆာအိုပေါ်လို အနီးရှိ ပေါင်(၂ ဒသမ ၅)သန်းတန်ကြေးရှိတဲ့အိမ်အသစ်မှာ ခရစ္စမတ်ကာလကို ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်း တိုက်စစ် ကစားသမားဟာ နှစ်သစ်မှာ ချစ်သူအသစ်ဖြစ်တဲ့ ဘီယန်ကာဒီနဲ့ တွေ့ဆုံနိုင်ဖို့လည်း မျှော်လင့်နေတာပါ။

ဘီယန်ကာဒီဟာ ပြီးခဲ့တဲ့လက ပရိသတ်တွေနဲ့ပြုလုပ်ခဲ့တဲ့ အမေးအဖြေကဏ္ဍမှာ သူမဟာ တကိုယ်တည်း သမား ဖြစ်တယ်လို့ ပြောထားတာပါ။ သူမဟာ နန့်တက်စ်အသင်းနဲ့ ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်း အိမ်ကွင်းပွဲစဉ်မှာ နေမာနဲ့အတူ ဓါတ်ပုံရိုက်ခဲ့သူပါ။

ဘီယန်ကာဒီကို ခရစ္စမတ်နဲ့ ဒီ နှစ်သစ်ကူးပါတီပွဲမှာ နေမာရဲ့မိသားစုနဲ့ မိတ်ဆက်ပေးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ ပုံတွေမှာတော့ သူမရဲ့ပုံမပါဝင်ခဲ့ပါဘူး။ ဘရာဇီးလ် ကစားသမား ဟာ စိန့်အန်တီယန်အသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ် လီဂူးဝမ်းပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာကြောင့် (၈)ပတ်ကြာ အနားယူ နေခဲ့ရတာပါ။ နေမာဟာ ခရစ္စမတ်မတိုင်ခင်က ဘရာဇီးလ်မှာ အားကစားလုပ်နေတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ပြီး ၎င်းရဲ့ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်လို့ ပီအက်စ်ဂျီ ပရိသတ်တွေထံ အသိ ပေးခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့စျေးအကြီးဆုံး ကစားသမားဖြစ်တဲ့ နေမာဟာ ဒီ ရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် (၁၄)ပွဲ ပါဝင် ကစားထားပြီး သုံးဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Source: The sun