CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီက အသင်းရဲ့ ဘဏ္ဍာရေးအခက်အခဲကြောင့် ပေါင် ၅၅ သန်းနဲ့ ခေါ်ယူထားတဲ့ ဖာရန် တောရက်စ်ကို အသင်းလူစာရင်းထဲ ထည့်သွင်းလို့ မရသေးဘူးလို့ ပြောလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ ရှေ့တန်းကစားသမားဟာ ပြီးခဲ့တဲ့အပတ်ကမှ မန်စီးတီး အသင်းကနေ ဘာစီလိုနာ အသင်းထံ အပြီး သတ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ ဖာရန်တောရက်စ်ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလျံ သတ် မှတ် ထားတာပါ။

ဒါပေမယ့် ဘာစီလိုနာအတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်အဖြစ် ဖာရန်တောရက်စ်ကို အသင်းလူစာရင်းထဲမှာ ရွေးချယ်ဖို့ မဖြစ်နိုင်သေးတာ ဖြစ်ပါတယ်။ စပိန်ကလပ်ဟာ လာလီဂါရဲ့ လစာကန့်သတ်တဲ့ စည်းမျဉ်းတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က အဂွေရို၊ ဒီပိုင်းနဲ့ ဂါစီယာတို့ကို ခေါ်ယူခဲ့တုန်းကလိုမျိုး အလား တူ အခြေအနေနဲ့ ပြန်လည် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဝါရင့်နောက်ခံလူ ပီကေးက လုပ်ခလစာ လျှော့ယူပြီးနောက် သြဂုတ် ၁၄ ရက်မှာမှ ဒီပိုင်းနဲ့ ဂါစီယာတို့ကို အသင်းလူစာရင်းထဲ ထည့်သွင်းလို့ ရခဲ့တာပါ။

ဒါ့အပြင် ဘတ်စ်ကွက်နဲ့ အယ်လ်ဘာတို့ကလည်း သူတို့ရဲ့ လုပ်ခလစာတွေကို လျှော့ယူပြီးနောက် သြဂုတ် ၃၁ ရက်မှာ အဂွေရို ကို လူစာရင်းထဲ ထည့်လို့ရခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ် ကစားသမား ဒမ်ဘီလီ အနေနဲ့ လုပ်ခလစာ လျှော့ယူပြီး အသင်းမှာ ဆက်နေမယ်ဆိုရင် ဒီအခြေအနေကို ကူညီပေးနိုင်မှာ ဖြစ်တယ်လို့ နည်းပြ ဇာဗီက ပြောခဲ့တာပါ။

ပုံ-ဘာစီလိုနာ နည်းပြ ဇာဗီကိုတွေ့ရစဉ်။(Manchester Evening News)

ဘာစီလိုနာ အနေနဲ့ ဖာရန်တောရက်စ်ရဲ့ အခြေအနေကို လိုက်လျောညီထွေဖြစ်ဖို့အတွက် လုပ်ခလစာလျှော့ယူဖို့ ငြင်းဆန်တဲ့ ကစားသမားတွေကို ရောင်းချရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီလို ဘဏ္ဍာရေး အခက်အခဲတွေ၊ စပိန်လာလီဂါရဲ့ စည်းမျဉ်းတွေကြောင့် အဓိက ကစားသမားဖြစ်တဲ့ မက်ဆီကို စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ဘဲ အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့ရတာပါ။

ဇာဗီက “ဖာရန်တောရက်စ်ဟာ နေရာစုံမှာ ကစားနိုင်တဲ့သူဖြစ်လို့ သူ့ကို ခေါ်ယူနိုင်ဖို့ ကလပ်ရဲ့ ကြိုးစားအားထုတ်မှု အပေါ်မှာ ကျနော် အလွန်ပျော်ပါတယ်။ သူက ကျနော်တို့အတွက်အများကြီး စွမ်းဆောင်ပေးပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး သံသယ မရှိ ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် လစာအခြေအနေ ဘယ်လိုလဲဆိုတာ ကြည့်ရပါမယ်။ ထွက်ခွာမယ့် ကစား သမားတွေ ရှိရပါမယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဇာဗီက “ဒမ်ဘီလီ အနေနဲ့ လုပ်ခလစာ လျှော့ယူမယ်ဆိုရင် တောရက်စ်ကို အသင်းလူစာရင်းထဲ ထာည့်သွင်းလို့ ရမှာ ပါ။ ဖြစ်လာနိုင်မယ်လို့လည်း ကျနော်မျှော်လင့်ပါတယ်။ ထွက်ခွာမယ့် ကစားသမားတွေနဲ့ ပတ်သက်ပြီး အသင်းဘက်က လုပ် ဆောင်နေပါတယ်။ စျေးကွက်က စဖွင့်ခဲ့ပြီး တစ်လလောက်ပဲ ကြာပါတယ်။ အသင်းကို ရောက်လာတဲ့ ကစားသမားတွေ အတွက် အရာအများအပြားကို တန်ဖိုးထားရမှာ ဖြစ်ပါတယ်။ တခြားသူတွေကတော့ ထွက်သွားရမယ်ဆိုတာ အလွန်ရှင်းပါ တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီ၊ ကော်တင်ဟို၊ အမ်တီတီ၊ လန်းဂလန့်နဲ့ ဆာဂျီနိုဒတ်စ်တို့ဟာ အသင်း မှာ အနာဂတ် မရေမရာဖြစ်နေပြီး အသင်းက ထွက်ခွာသွားရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Source: The Sun