၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁

တရုတ်နိုင်ငံဟာ လက်ရွေးစင်အသင်းအတွက် ကစားပေးနေတဲ့ ဘောလုံးသမားတွေကို တက်တူးထိုးတာတွေ မလုပ်ဖို့ တားမြစ် ပိတ်ပင်လိုက်ပါတယ်။

တက်တူးထိုးထားတဲ့ သူတွေအနေနဲ့ ဒါကိုဖယ်ရှားဖို့ ဒါမှမဟုတ် တခုခုနဲ့ ဖုံးအုပ်ဖို့ ကိုလည်း ညွှန်ကြားချက်အသစ် ထုတ်ပြန် ထားပါတယ်။ တရုတ်နိုင်ငံရဲ့ အားကစားအုပ်ချုပ်ရေး အဖွဲ့ကတော့ နိုင်ငံအဆင့်မှာ တက်တူးထိုးထားတဲ့ ကစားသမားတွေ၊ ကစားသမားသစ်တွေနဲ့ လူငယ်ကစားသမားတွေကို တင်းကြပ်စွာ တားမြစ်ပိတ်ပင်ထားတယ်လို့ ပြောပါတယ်။

ဒီလိုပြုလုပ်တာဟာ လူ့အဖွဲ့အစည်းအတွက် စံနမူနာကောင်း ဖြစ်တယ်လို့လည်း အဆိုပါ အုပ်ချုပ်ရေးအဖွဲ့က ပြောခဲ့တာ ဖြစ်ပါတယ်။

နောက်ခံလူ လင်ပန်း အပါအဝင် နိုင်ငံကြယ်ပွင့်အချို့ဟာ သူတို့ရဲ့ တက်တူးတွေကို တခုခုနဲ့ ဖုံးအုပ်ဖို့ အရင်က ပြောခဲ့ဖူးပါ တယ်။ တရုတ်နိုင်ငံဟာ တက်တူးတွေကို ဖန်သားပြင်ပေါ်မှာ ပြသနေတာကို ရပ်တန့်ဖို့ ၂၀၁၈ ခုနှစ် နှစ်လယ်ကတည်းက စည်းမျဉ်းစည်းကမ်းတွေ တိုးမြှင့်ဆောင်ရွက်နေတာပါ။

ပရော်ဖက်ရှင်နယ် ဘောလုံးသမားအချို့ကတော့ သူတို့ ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ အနုပညာတွေကို ဖုံးကွယ်ထားဖို့ လက်ရှည် တွေကို ဝတ်ဆင်လာကြတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အားကစားဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန် ချက်မှာတော့ တက်တူးထိုးထားတဲ့ ကစားသမားတွေအနေနဲ့ ဒါကို ဖယ်ရှားဖို့ အကြံပြုထားတယ်လို့ ဖော်ပြထားတာပါ။

ပုံ-တရုတ်လက်ရွေးစင်ကစားသမားတစ်ဉီး၏ တက်တူးကိုတွေ့ရစဉ်။ (247 News Agency)

တရုတ်ယဉ်ကျေးမှုရဲ့ အမည်းစက်တစ်ခုဟာ အရင်က တက်တူးထိုးတာနဲ့ တွဲနေတာဖြစ်ပြီး သူတို့ကို ရာဇဝတ်ကောင်တွေလို့ သုံးလေ့ရှိတာ ဖြစ်ပါတယ်။ တက်တူးထိုးတဲ့ သူတွေဟာ အရှေ့အာရှရဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့လည်း ချိတ်ဆက်မှုတွေ ရှိနေသေး တာလည်း ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ဒီလို တက်တူးထိုးတာကို မယဉ်ကျေးတဲ့ အမှတ်အသား တစ်ခုအဖြစ် မကြာခဏ ရှုမြင်ကြတာလည်း ဖြစ်ပါတယ်။ ဒီလို ပြုလုပ်တာကို တရုတ်အာဏာရ ကွန်မြူနစ်ပါတီက လက်မခံပေမယ့် တရုတ်လူငယ်တွေ ကြားမှာတော့ တက်တူးထိုးတာဟာ ရေပန်းစား လာခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကလည်း ကစားသမားတွေကို ဆံပင်ဆေးဆိုးတာ ခွင့်မပြုဘူးလို့ အကြောင်းကြားပြီးနောက် အမျိုးသမီးတက္ကသိုလ် ဘောလုံးပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံလက်ရွေးစင်အသင်း တိုးတက်မှုတွေ ရဖို့အတွက် တရုတ်စူပါလိဂ်ပြိုင်ပွဲကို ကျင်းပခဲ့ပြီး နာမည်ကြီး ကစားသမားတွေ၊ နည်းပြတွေကို ခေါ်ယူခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ဘဲ ငွေကြေးအများအပြားပဲ ကုန်ကျခဲ့တာ ဖြစ်ပါ တယ်။ တရုတ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲဝင်နေပေမယ့် ခြေစစ်ပွဲအောင်မြင်ဖို့ ရာခိုင်နှုန်း အတော်လေးနည်းနေခဲ့တာ ဖြစ်ပါတယ်။

Source: BBC