CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ဘာစီလိုနာအသင်းရဲ့ ကစားသမား ၁၅ ဦးဟာ ဒီတပတ် ကစားမယ့် မာယော့ကာအသင်းနဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ပါဝင် နိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘာစီလိုနာ အသင်းဟာ ခရစ္စမတ် အားလပ်ရက်အပြီးမှာ လာလီဂါပွဲစဉ် ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး အမှတ် ပေးဇယား အထက်ပိုင်းကို တက်လှမ်းနိုင်ဖို့ဆိုရင် အနိုင်ရလဒ်တွေ ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်း ဟာ လာလီဂါ နောက်ဆုံးပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ ကစားခဲ့ရာမှာ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ မာယော့ကာ အသင်းနဲ့ အဝေးကွင်းပွဲအဖြစ် ကစားရမှာဖြစ်ပြီး ဒီပွဲမှာ အဓိက ကစားသမား အများ အပြား လွဲချော်မှာလည်း ဖြစ်ပါတယ်။ ပွဲပယ်ခံရသူတွေ၊ ဒဏ်ရာရတဲ့ သူတွေနဲ့ ကိုဗစ် ဖြစ်နေတဲ့သူတွေ အားလုံးကို ထည့်သွင်း တွက်ချက်မယ်ဆိုရင် နည်းပြ ဇာဗီဟာ ဒီပွဲအတွက် ကစားသမား ၁၅ ဦးကို ရွေးချယ်လို့ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါဟာ ဇာဗီအတွက် အလွန်စိတ်ပျက်စရာလည်း ဖြစ်ခဲ့တာပါ။ ဂါဗီနဲ့ ဘတ်စ်ကွက်တို့ဟာ ပွဲပယ် ပြစ်ဒဏ်တွေကြောင့် မာယော့ကာနဲ့ပွဲကို မပါဝင်နိုင်ပါဘူး။ ပီဒရီ၊ အန်ဆုဖာတီ၊ ဘရိတ်ဝိတ်၊ ဒီပိုင်းနဲ့ ရောဘတ်တိုတို့က ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာနေဆဲ ဖြစ်ပါတယ်။

ပုံ-နည်းပြ ဇာဗီကိုတွေ့ရစဉ်။(News Verve)

 

အယ်လ်ဘာ၊ လန်းဂလန့်၊ ဒန်နီအဲလ်ဗတ်စ်၊ ဘယ်လ်ဒီ၊ အမ်တီတီနဲ့ ဒမ်ဘီလီတို့ကတော့ ကိုဗစ်ကူးစက်ခံ ထားရတာ ဖြစ်ပါ တယ်။ ဒီမာကတော့ အသင်းကနေ ထွက်ခွာဖို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေတဲ့အတွက် ဒီစာရင်းမှာ ပါဝင်နေတာဖြစ်ပြီး မန်စီးတီးကနေ အသစ်ခေါ်ယူထားတဲ့ ဖာရန်တောရက်စ်ဟာ ဒဏ်ရာရရှိနေသလို အသင်းလူ စာရင်းမှာလည်း ထည့်သွင်း မထားရသေးတာပါ။

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီဟာ သူစတင် ကိုင်တွယ်ကတည်းက အသင်းရဲ့ ပွဲစဉ်တွေမှာ လူငယ်ကစားသမား အများ အပြားကို အသုံးပြုနေတာ ဖြစ်ပါတယ်။

ဇာဗီဟာ ဘာစီလိုနာအသင်းကို နိုဝင်ဘာလ ၆ ရက်က စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၉ ပွဲ ကိုင်တွယ်ထားရာမှာ ၃ ပွဲနိုင် ၃ ပွဲ သရေ ၃ ပွဲ ရှုံးနိမ့်ထားတာပါ။

ဘာစီလိုနာ အသင်းဟာ ဒီရာသီ စပိန်လာလီဂါ ပွဲစဉ် ၁၈ ပွဲ ကစားအပြီးမှာ ရမှတ် ၂၈ မှတ်နဲ့ အမှတ်ပေးဖလား အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ကတ်တလန် ကလပ်ဟာ အဆင့်(၄)နေရာက ဗယ်လက်ကာနို အသင်းနဲ့ ရမှတ် ၂ မှတ် သာ ကွာဟနေတာကြောင့် နိုင်ပွဲတွေ ရရှိခဲ့မယ်ဆိုရင် အမှတ်ပေးဇယား အထက်ပိုင်းကို တက်လှမ်းနိုင်မှာလည်း ဖြစ်ပါတယ်။

Source: Besoccer.com