CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉

အာဆီယံဆူဇူကီးဖလား ဗိုလ်လုပွဲ ပထမအကျော့အဖြစ် ထိုင်းအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ဒီနေ့ (ဒီဇင်ဘာ ၂၉ ရက်)မှာ ကစားခဲ့တာမှာ ထိုင်းအသင်းက (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ပွဲအစ (၂)မိနစ်မှာပဲ အသင်းခေါင်းဆောင် ချာနာသစ်က ထိုင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အသင်းဟာ ထိုင်းအသင်းကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ပဲ ထိုင်းအသင်းရဲ့ ကစားကွက်အောက်မှာသာ ရှိနေခဲ့တာ ဖြစ်ပါ တယ်။ ပထမပိုင်းမှာတော့ ထိုင်းအသင်းက (၁)ဂိုး-ဂိုမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ထိုင်းအသင်းကပဲ ဖိကစားခဲ့ပြီး အင်ဒိုနီးရှား အသင်းကတော့ တန်ပြန်တိုက်စစ်တွေနဲ့ပဲ ထိုးဖောက်ဖို့ ကြိုးစားခဲ့တာပါ။ ဒုတိယပိုင်းမှာ ထိုင်းအသင်းက နောက်ထပ် ဦးဆောင်ဂိုး (၃)ဂိုး ထပ်ရယူနိုင်ခဲ့ပါတယ်။ ဒီဂိုးတွေကို ချာနာသစ်၊ ဆူပါချော့ခ်နဲ့ ဘော်ဒင်ပါလာတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ထိုင်းအသင်းက ပွဲအပြီးမှာ (၄)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဒုတိယအကျော့ ကစားဖို့ ကျန်သေးပေမယ့် ချန်ပီယံဆုရဖို့ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီ(၂)သင်းရဲ့ ဒုတိယအကျော့ ပွဲစဉ်ကို ဇန်နဝါရီ(၁)ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါ တယ်။