CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁

ရီးရယ်လ်အသင်းဂိုးသမား ကော့တွိုက်စ်က အာဆင်နယ်အသင်း ဂိုးသမား ဒေးဗစ်ရေယာကို သူနှစ်သက်တယ်လို့ ပြောပြီး သူ့ကို ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးဂိုးသမား ၃ ဦးထဲ သတ်မှတ်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒေးဗစ်ရေယာကို ဘရန်ဖို့ဒ်အသင်းကနေ ကနဦး အငှားနဲ့ခေါ်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်မှာ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ 

ဒေးဗစ်ရေယာဟာ အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးကတည်းက အကောင်းဆုံး လက်စွမ်းတွေ ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ၂ ရာသီ ဆက်တိုက် ရရှိခဲ့ပါတယ်။

စပိန်ဂိုးသမားဟာ သူ့ရဲ့ပွဲဦး ထွက်ရာသီမှာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းထဲ ရွေးချယ်ခံခဲ့ ရပါတယ်။ 

ဒေးဗစ်ရေယာဟာ ဒီရာသီမှာလည်း အာဆင်နယ်အသင်း ခံစစ်ကစားသမားတွေနဲ့ အတွဲအဖက်ညီကာ ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားအပြီးမှာ ပေးဂိုး ၅ ဂိုးသာ ပေးခဲ့ရတာပါ။

 ဂိုးသမား ကော့တွိုက်စ်ကိုတွေ့ ရစဉ် 

ကော့တွိုက်စ်ဟာ စပိန်ရေဒီယို COPE နဲ့ အင်တာဗျူးမှာ ဒေးဗစ်ရေယာကို ချီးကျူးခဲ့ပြီး သူဟာ နှစ်စဉ်တိုးတက် နေတယ်လို့ ပြောခဲ့ပါတယ်။ 

ဘယ်လ်ဂျီယံ ဂိုးသမားဟာ ဒီအင်တာဗျူးမှာ သူမပါဝင်ဘဲ သူ့ရဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၃ ဦးကို ဖော်ပြဖို့ မေးမြန်းခံခဲ့ရပါတယ်။ 

ကော့တွိုက်စ်က “လက်ရှိဆိုရင် အိုဘလက်က ဒီနှစ်မှာ အလွန်မြင့်မားတဲ့ အဆင့်မှာ ကစားနေပါတယ်။ အယ်လီဆန်က ဒဏ်ရာရနေပေမယ့် သူ့ကို ကျနော် နှစ်သက်ပါတယ်။ ပြီးတော့ ဒေးဗစ်ရေယာကိုလည်း ကျနော်အလွန်နှစ်သက်ပါတယ်”လို့ ဖြေခဲ့ပါတယ်။ 

ဒေးဗစ်ရေယာဟာ အာဆင်နယ်အသင်းမှာ လက်စွမ်း ပြသနေပေမယ့် စပိန်အသင်းမှာတော့ ဂိုးသမား အူနှိုင်း ဆိုင်မွန်ရဲ့ အနောက်မှာသာ ရှိနေခဲ့တာပါ။ 

ကော့တွိုက်စ်က အူနှိုင်းဆိုင်မွန်ကလည်း ဂိုးသမားကောင်း တစ်ဦးဖြစ်တဲ့အတွက် ဒေးဗစ်ရေယာအနေနဲ့ သူ့ရဲ့ အခွင့်အရေးကို စောင့်ရမယ်လို့ ပြောခဲ့ပါတယ်။ 

Source: metro