CNI News 
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇

 

PUBG ကမ္ဘာ့ချန်ပီယမ်ရှစ် PUBG Mobile World Cup (PMWC 2025) ပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့သည့် မြန်မာကိုယ်စားပြု Yangon Galaticos (YG) အသင်းကို ဩဂုတ် ၇ ရက်နေ့မှာ ရန်ကုန်ရှိ ပြည်သူ့ရင်ပြင်တွင် ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်ခဲ့သည်။

 

ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့မှာကျင်းပခဲ့သည့် PUBG ကမ္ဘာ့ချန်ပီယမ်ရှစ် PUBG Mobile World Cup (PMWC 2025) ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု Yangon Galaticos (YG) အသင်းက အမှတ်အများဆုံးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

ထိုပြိုင်ပွဲကို တကမ္ဘာလုံးက ထိပ်တန်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Grand Final အဆင့်ကိုတော့ ဩဂုတ် ၁ ရက် ကနေ ၃ ရက်အတွင်းကျင်းပခဲ့ကာ ကျန်ရှိခဲ့တဲ့ ၁၆ သင်းက ဆက်လက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

 

ပြိုင်ပွဲနောက်ဆုံးရက် ဩဂုတ် ၃ ရက်နေ့မှာတော့ Yangon Galacticos အသင်းက ဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့ချန်ပီယံရှစ်ဖြစ်လာခဲ့ကာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကျော်ကို ရရှိခဲ့သည်။


ကစားသမားများမှာ အသင်း Captain အဖြစ် Smile က ဦးဆောင်ခဲ့ပြီး MAR NETT, SAY CLOUD နှင့် ROMEO တို့ဖြစ်ပြီး Grand Finals ပြိုင်ပွဲအတွင်း Chicken Dinner ၄ ကြိမ်အထိ ရရှိခဲ့ကာ နောက်ဆုံးရမှတ် ၁၅၇ မှတ်ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။