CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ဆူဇူကီးဖလား အုပ်စု(A)ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ဖိလစ်ပိုင်နဲ့ မြန်မာအသင်းတို့ ယနေ့ (ဒီဇင်ဘာ ၁၈ ရက်နေ့)မှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
ဒီပွဲမှာ ဖိလစ်ပိုင်အသင်းက (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
နှစ်သင်းလုံးဟာ ဒီပွဲမတိုင်ခင်ကတည်းက အုပ်စုကနေ ထွက်ခဲ့ရပြီးဖြစ်ပေမယ့် ဂုဏ်သိက္ခာအရ အနိုင်ရဖို့ အပြိုင်အဆိုင် ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ (၂)သင်းလုံးဟာ ဂိုးရဖို့အတွက် အပြိုင်အဆိုင် ကစားခဲ့တာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့တာပါတယ်။
ပထမပိုင်းမှာတင် ဖိလစ်ပိုင်အသင်းက (၃)ဂို းရခဲ့တာဖြစ်ပြီး မာရာနွန်က ဟတ်ထရစ် ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းဘက်ကို ပိုမိုတိုက်စစ် ဆင်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် မြန်မာအသင်း ချေပဂိုး(၂)ဂိုးရခဲ့ပြီး လူစားဝင်လာတဲ့ ထက်ဖြိုးဝေကပဲ (၂)ဂိုးလုံး သွင်းယူခဲ့တာပါ။
ဒါပေမယ့် ပွဲအပြီးမှာတော့ ဖိလစ်ပိုင်အသင်းက (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာ အသင်းဟာ အုပ်စုတွင်း (၄)ပွဲကစားပြီးချိန်မှာ (၁)ပွဲနိုင် (၃)ပွဲရှုံ နဲ့ အဆင့်(၄) နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။