CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈

ဘာစီလိုနာ အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်း တွေမှာ ဖော်ပြထားပါတယ်။

ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရော်နယ်ဒို ပြန်ရောက်လာပြီကတည်းက ပုံမှန်ကစားခွင့် ပျောက်ဆုံး နေခဲ့ တာကြောင့် အိုးထရက်ဖိုဒ့် ကလပ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာပါ။

ပြီးခဲ့တဲ့နှစ်က မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တဲ့ ကာဗာနီကို နည်းပြဟောင်း ဆိုးလ်ရှားက အခုနှစ်ရာသီ အသင်းမှာ ဆက်ရှိဖို့ ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ယူနိုက်တက် တိုက်စစ်မှူးဟာ သူ့ရဲ့ အနာဂတ်ကို စဉ်းစားနေတယ်လို့ RAC1 သတင်းက ဖော်ပြထားတာပါ။

ကာဗာနီကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက စိတ်ဝင်စားနေသလို ကစားသမားကလည်း စပိန်ကလပ်ကို သွားရောက်ဖို့ ဆန္ဒ ပြင်းပြနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ အသက်(၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကာဗာနီကို ၁၈ လစာချုပ်နဲ့ ကမ်း လှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ကာဗာနီဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဒဏ်ရာ အခြေအနေတွေ၊ နေရာရဖို့ ပြိုင်ဆိုင်မှုတွေ ကြောင့် ၈ ပွဲသာ ပါဝင်ကစားထားရပြီး ၁ ဂိုး သွင်းယူထားတာပါ။ ဘာစီလိုနာ အသင်းဟာ တိုက်စစ်မှူး အဂွေရို ကျန်းမာရေး ကြောင့် ကစားသမားဘဝက အနားယူပြီးနောက် ကာဗာနီကို ခေါ်ယူဖို့ ပိုမို ကြိုးစားလာခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ အခုနှစ်ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းပြီး ကစားရတော့မှာပါ။ ကာဗာနီကတော့ ယူရိုပါလိဂ်ကစားရလည်း ဘာမှမဖြစ်ပဲ ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေတယ်လို့ မွန်ဒို ဒီပို့တီဗို သတင်းက အခုအပတ် အစောပိုင်းတုန်းက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ကာဗာနီကို ခေါ်ယူဖို့ အာဂျင်တီးနားကလပ် ဘိုကာဂျုနီယာ အသင်းကလည်း စိတ်ဝင်စားနေတာ ဖြစ်ပေမယ့် ကစားသမား ကတော့ စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းကိုသာ ရွေးချယ်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်အသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်း ပြသ နိုင်ခဲ့တာပါ။

ကာဗာနီဟာ လက်ရှိအချိန်မှာတော့ ဒဏ်ရာကြောင့် အနားယူနေရပြီး မကြာသေးခင်ကမှ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာဗာနီဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲ ကစား ထားပြီး ၁၈ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail