CNI International News

မော်စကို၊ ဒီဇင်ဘာ ၁၈

နာမည်ကျော် ဂျော်ဂျီယာအမျိုးသမီး UFC ကြယ်ပွင့်ဖြစ်တဲ့ လီယာနာဂျိုဂျူယာဟာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သူ့ရဲ့ဝေဒနာကို ရင်ဖွင့်ခဲ့ပြီး ဒုတိယမြောက် ရှုံးနိမ့်မှုအတွက် ခဲခဲယဉ်းယဉ်း တည်ဆောက်ခဲ့ရပုံတွေပါ ချပြသွားခဲ့တယ်လို့ rt.com က ရေးသား ဖော်ပြထားပါတယ်။

ဒီလို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဂီတ (ဒါမှမဟုတ်) ရုပ်ရှင်ကို သူ့ရဲ့နောက်ထပ် ရွေးချယ်စရာ အသက်မွေးဝမ်းကျောင်း အဖြစ် ပြောင်းလဲနိုင်တယ်လို့လည်း ပြောကြားခဲ့တဲ့အကြောင်း rt.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။ UFC လို့ အတို ကောက် ခေါ်ကြတဲ့ Ultimate Fighting Championship ဟာ အမေရိကန် ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲဖြစ်ပြီး လာ့စ်ဗီးဂက်စ် မြို့ အခြေစိုက် ဖြစ်ပါတယ်။

ကိုယ်အလေးချိန် ၃ ပေါင်နီးပါး လျော့ကျသွားပေမယ့်လည်း She Wolf (ဝံပုလွေမယ်)လို့ ချစ်စနိုးခေါ်ကြတဲ့ လီယာနာ ဂျိုဂျူ ယာဟာ UFC လာ့စ်ဗီးဂက်စ်မှာ ကော့နေးကာစေး (Cortney Casey) နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ ရမှတ် (၉-၉) ထွက်ပေါ်လာခဲ့ပါ တယ်။

နိုဝင်ဘာလလယ်တုန်းကတော့ ယှဉ်ပြိုင်ထိုးသတ်တဲ့ည (Fight of the Night) ရဲ့ခေါင်းစီးကို မတ်စ်ဟိုလိုဝေးက ယာရိုဒရီ ဂက်ဇ် (Yair Rodriguez)အား အမှတ်နဲ့ အောင်ပွဲခံတဲ့သတင်းက လွှမ်းမိုးထားပါတယ်။

ပုံ- ဂျိုဂျူယာကိုတွေ့ရစဉ်

၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက စလက်မိုးရက်စ်နဲ့ မီရန်ဒါမာဗာရစ်တို့(နည်းစနစ်ပိုင်းအရ) အလဲထိုး အရှုံးပေးခဲ့ရတဲ့ အတွက် ၄ ကြိမ် ဝင်ပြိုင်ရာ ၃ ကြိမ် အရေးနိမ့်ခဲ့ပြီးနောက် အသက် ၂၆ နှစ်ရှိ ဝံပုလွေမယ်ဟာ ပွဲကြည့်ပရိသတ်တွေအပေါ် စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုပြီး UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က ဆုံးဖြတ်ခဲ့ပါတယ်။

သူ့လုပ်ငန်းခွင်ကို ကျောခိုင်းခဲ့ရပြီး တစ်လအကြာမှာ ဝံပုလွေမယ် ဂျိုဂျူယာဟာ လမ်းခွဲခြင်းနဲ့ပတ်သက်လို့ အလင်းရောင် တစ်ခုကို “ချက်ချင်း ကြည်လင်ရှင်းသန့်သွားတယ်” လို့ မှတ်ချက်ချခဲ့ပါတယ်။ ကော့နေးကာဝေးကို အရှုံးပေးခဲ့ရပြီးတဲ့ နောက် ပိုင်းမှာ ဒီလောကမှ ရုန်းထွက်ဖို့ စိတ်ဓါတ်တစ်ခုဟာ အင်မတန်ခက်ခဲလှကြောင်း သူက ပြောခဲ့ပါတယ်။

“တစ်ပတ် (ဒါမှမဟုတ်) နှစ်ပတ်လောက်ကြာအောင် ကျမ ဖုန်းမသုံးဖြစ်ခဲ့ဘူး။ အခန်းတံခါးပိတ်ပြီး ဘယ်မှလည်း မထွက်ဘူး” လို့ ဝံပုလွေမယ်က ပြောခဲ့ပါတယ်။

“အရင်တစ်ပတ်လောက်ကျမှ ကျမ အဲဒီအခြေအနေကနေ ရုန်းထွက်ပြီး နောင်အနာဂတ် ပြန်တွေးရင်း အစီအစဉ်တွေ ပြန်ချ နိုင်ခဲ့ပါတယ်။ အခု ကျမ အခြေအနေ ပိုတိုးတက်လာပြီလို့ ပြောရမှာပါ” ဟု သူက တွစ်တာလူမှုကွန်ရက်မှာ ရင်ဖွင့်ရေးသား ခဲ့ပါတယ်။  

ဂျိုဂျူယာဟာ သူ့ရဲ့နောက်ဆုံး UFC ပြိုင်ပွဲ မစတင်မီမှာပဲ သူ့လွဲချော်မှုတွေအတွက် ဝေဖန်ခံခဲ့ရတဲ့ ပြဿနာတွေကို ဖြေရှင်း ခဲ့ပါတယ်။

“ပြင်ဆင်မှုအပိုင်းနဲ့ အချိန်အတော်ကြာပြီး အင်မတန်ခက်ခဲခဲ့ပါတယ်” ဟု သူမက ဆက်ပြောပါတယ်။

ပုံ- ဂျိုဂျူယာကိုတွေ့ရစဉ်

“ကျမ ဗီဇာယူဖို့ အချိန်သိပ်မရတာနဲ့ ကော့နေးကာစေးနဲ့ ပထမဆုံး ရင်ဆိုင်မယ့်ပွဲ ပျက်သွားခဲ့ပါတယ်။ ဒုတိယအကြိမ်ပွဲ ပြင်ဆင်ချိန်မှာကျတော့ မော်လ်ဒိုဗာနိုင်ငံမှာ ၃ ပတ်ကြာ လေ့ကျင့်မှုတွေ ဆက်လုပ်ဖို့ အဲဒီမှာရှိတဲ့ အားကစားခန်းမတွေ ရှာရပါတယ်။ အဲဒီလို ရှာရင်းဖွေရင်းနဲ့ ဗီဇာပြဿနာကြောင့် အမေရိကန်ကို လေယာဉ်နဲ့ အမြန်ဆုံး သွားရတော့မယ်ဆိုတာ ကျမ မမျှော်လင့်ဘဲ သိလိုက်ရပါတယ်။ နောက်ဆုံးတော့ လာ့စ်ဗီးဂတ်မြို့မှာ အပြီးသတ်ခဲ့ပြီး အဲဒီမှာပဲ လေ့ကျင့်မှု ဆက်လုပ် ခဲ့ရပါတယ်” ဂျိုဂျူယာက သူ့ပွဲဝင် အတွေ့အကြုံတွေကို ရှင်းပြခဲ့ပါတယ်။  

“ပြင်ဆင်မှုအပိုင်းမှာ ဒဏ်ရာတွေ အများကြီးရခဲ့တယ်။ ပွဲမစခင် တစ်လလောက်အလိုမှာ မျက်စိဒဏ်ရာရတော့ တစ်ပတ် လောက် လေ့ကျင့်ခန်း မဆင်းနိုင်တော့ပြန်ဘူး။ နောက်နှစ်ပတ်လောက်ကြာတော့ ဒူးနှစ်ဘက် အရွတ်တွေ စုတ်သွားတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ဆင်းတော့ ပုံမှန်အတိုင်း ဒူးမတိုက်နိုင်တော့ပြန်ဘူး။ ရင်ဆိုင်ယှဉ်ပြိုင်တဲ့ အချိန်မှာ ဘာမှ စိတ် အနှောင့်အယှက် မရှိပေမယ့် ဒဏ်ရာတွေ ဆက်တိုက် ရခဲ့တာကြောင့် ပြင်ဆင်မှုအပိုင်း ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး” ဟု သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ဆက်လက်ရင်ဖွင့်ထားသည်။

အဲဒီနောက် ဂျိုဂျူယာဟာ ရေပေါ်ဆီ လူတန်းစား အလွှာတွေ ဖျော်ဖြေရေးအတွက် အဆင့်သတ်မှတ်ချက်ကို တောင်းဆိုခဲ့ပြီး အဲဒီကဏ္ဍဟာ သူ့အသက်မွေးဝမ်းကျောင်းအတွက် ခက်ခဲတဲ့ စင်မြင့်ဖြစ်တဲ့အတွက် မီဒီယာနဲ့လုပ်ငန်း ကျွမ်းကျင်သူတွေရဲ့ ဖိအားကို အတော်များများ ခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“UFC ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အထိုးအသတ် သမားတွေနဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှု အရရှိဆုံး အဖွဲ့အစည်းပါ။ အခု အချိန်ဟာ ကျမဘဝရဲ့ ကောင်းတဲ့ ကာလတစ်ခု ဖြတ်သန်းနေတယ်လို့ ကျမထင်ပါတယ်။ အများကြီး သင်ယူခဲ့ရပါတယ်။ UFC ပြန်သွားနိုင်အောင် ကြိုးစားပါ့မယ်။ ပြီးရင်တော့ ဒါတွေအားလုံး ခြားနားသွားမှာပါ။ ကျမ UFC နဲ့ စာချုပ်ချုပ်တုန်းက အသက် ၂၃ ပဲ ရှိသေးတာရှင့်” ဟု သူမက ပြောကြားခဲ့သည်။

Source: rt.com