CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂
၂၀၂၆ AFC အာရှဖလား အမျိုးသမီး ခြေစစ်ပွဲအုပ်စု C ဒုတိယမြောက် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အသင်းတို့ပွဲစဉ်မှာ ဘင်္ဂလားဒေ့ရှ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ ဘင်္ဂလားဒေ့ရှ်အသင်းဟာ မြန်မာအသင်းကို အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အများအပြား ပြုလုပ်ကာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။
မြန်မာအသင်းကတော့ ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ လူကျွံဘော ထောက်ချောက်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိဘဲ အကြိမ်ကြိမ် လူကျွံနေခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းအတွက် ချေပဂိုးကို ပွဲပြီးခါနီးမှာ လူစားဝင်လာတဲ့ ဝင်းဝင်းက သွင်းယူပေးခဲ့တာပါ။
ဒီပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ မြန်မာအသင်းဘက်ကို ပင်နယ်တီ အပါအဝင် ပြစ်ဒဏ်ဘောတွေ ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့်လည်း မြန်မာအသင်းဟာ နစ်နာခဲ့ရပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ် ကစားဖို့ ကျန်ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အာရှဖလားခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်သွားပြီဖြစ်ပါတယ်။