ဆက်စ်ကိုအတွက် တောင်းဆိုတဲ့ ဈေးနှုန်းကို လိုက်ပ်ဇစ်ပြောင်းလဲ
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈
လိုက်ပ်ဇစ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ် ဆက်စ်ကိုအတွက် သူတို့တောင်းဆိုထားတဲ့ ဈေးနှုန်းကို ထပ်မံပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့အတွက် တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူ နိုင်ဖို့ ကြိုးပမ်းနေပြီး လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကိုနဲ့ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်တို့ နှစ်ဦးထဲက တစ်ဦးကို ပစ်မှတ်ထားနေတာပါ။
အာဆင်နယ်အသင်းဟာ ယိုကီရက်စ်အတွက် စပို့တင်းလစ္စဘွန်းအသင်းနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး ကနဦး ယူရိုသန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဆက်စ်ကို အတွက်လည်း ကမ်းလှမ်းမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး လိုက်ပ်ဇစ်အသင်းက သူ့အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၈၀ နဲ့ သန်း ၁၀၀ ကြား တောင်းဆိုထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ တာပါ။
ပုံစာ- ဆက်စ်ကိုကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဆက်စ်ကို,ကို ခေါ်ယူချင်ပေမယ့် လိုက်ပ်ဇစ်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချဖွယ်မရှိပါဘူး။
အပြောင်းအရွှေ့ ငြိမ်သက်မှုဖြစ်တာ ရက်သတ္တပတ် ကြာမြင့်ခဲ့ပြီးနောက်မှာ လိုက်ပ်ဇစ်အသင်းဟာ ဆက်စ်ကို အတွက် ယူရိုသန်း ၇၀ ဟာ ပိုပြီးလက်တွေ့ကျတဲ့ ဈေးနှုန်းဖြစ်တယ်လို့ ယူဆခဲ့ပါတယ်။
ဆက်စ်ကိုရဲ့အေးဂျင့်က သူတို့ဟာ နွေရာသီ အပြောင်းအရွှေ့မှာ လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာဖို့ အတင်းအကြပ် ကြိုးပမ်းသွားမှာ မဟုတ်ဘူးလို့ ပြောထားတာပါ။
ဆက်စ်ကိုဟာ မကြာသေးမီက အာဆင်နယ်အသင်းရဲ့ Instagram ကို Follow ပြုလုပ်ခဲ့ပြီးနောက် အပြောင်းအရွှေ့ အရိပ်အမြွက်ကို ချပြခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အသက် ၂၂ နှစ် အရွယ်ရှိ ဆက်စ်ကိုဟာ ၂၀၂၃ ခုနှစ်က ဆဲလ်ဘတ်အသင်းကနေ လိုက်ပ်ဇစ်အသင်းကို ရောက်ရှိ လာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၈၇ ပွဲ ပါဝင်ကစားထားတာမှာ ၃၉ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
Source: Metro