CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇
မေဂျာလိဂ်ကလပ် LAFC အသင်းဟာ စပါးအသင်းနည်းပြဟောင်း ပိုစတီကိုဂလူးကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားမှုတွေ ပြုလုပ်နေပါတယ်။
LAFC အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြဖြစ်သူ စတိဗ်ချီရန်ဒိုလိုဟာ သူ့ရဲ့ကစားသမားဘဝ ဖြတ်သန်းခဲ့တဲ့ ဂျာမနီနိုင်ငံကို ပြန်ဖို့အတွက် ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်မှာ အသင်းကနေ ထွက်ခွာမှာပါ။
ပိုစတီကိုဂလူးဟာ စပါးအသင်းကို ၁၇ နှစ်အတွင်း ပထမဆုံးဆုဖလားအဖြစ် ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ ပြီးနောက် ၁၆ ရက်အကြာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ပိုစတီကိုဂလူးဟာ စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရရှိအောင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးပြီး အဆင့် ၁၇ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။
LAFC အသင်းကို တွေ့ရစဉ်
စပါးအသင်းဟာ ပိုစတီကိုဂလူးရဲ့ နေရာမှာ ဘရန်ဖို့ဒ်အသင်း နည်းပြဟောင်း သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။
မေဂျာလိဂ်ပြိုင်ပွဲရဲ့ ပုံမှန်ရာသီဟာ အောက်တိုဘာလ ကုန်ရင် ပြီးဆုံးပြီဖြစ်ပြီး LAFC အသင်းဟာ အနောက်ပိုင်း ဇုန်မှာ အဆင့် ၆ နေရာ ရပ်တည်နေတာပါ။
LAFC အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ပိုစတီကိုဂလူးဟာ LAFC အသင်းနည်းပြ ရာထူးမတိုင်မီ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းရဲ့ နည်းပြ ရာထူးအတွက် ချိတ်ဆက်မှုတွေ လည်းခံခဲ့ရတာပါ။
အယ်လ်အာလီအသင်းဟာ ပြီးခဲ့တဲ့ရာသီက အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိထားတဲ့အတွက် လာမယ့်ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
ပိုစတီကိုဂလူးဟာ သူ့ရဲ့နည်းပြဘဝမှာ သြစတြေးလျ၊ ဂရိ၊ ဂျပန်နဲ့ စကော့တလန်ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။
Source: BBC