CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅
ချယ်လ်ဆီးအသင်းဟာ တူးနစ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပြီးနောက် နည်းပြမာရက်စ်ကာက အသင်းရဲ့ပစ်မှတ်က ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့လို့ ပြောခဲ့ပါ တယ်။
မာရက်စ်ကာက “ကျနော်တို့ဟာ တစ်ပွဲပြီးမှ တစ်ပွဲအကြောင်းကို စဉ်းစားမှာဖြစ်ပြီး ဗိုလ်လုပွဲ အကြောင်းကို တွေးနေမှာ မဟုတ်ပါဘူး။ ဘင်ဖီကာဟာ ထိပ်တန်းမန်နေဂျာ၊ ထိပ်တန်းကစားသမားတွေနဲ့ ထိပ်တန်းအသင်း တစ်သင်းဆိုတာကို ကျနော်တို့သိပါတယ်။ ကျနော်တို့ဟာ ၁၆ သင်းအဆင့်ကို ရောက်ရှိနေပြီး အသင်းရဲ့ ပစ်မှတ် ကတော့ ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့ပါ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ တူးနစ်အသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုတွင်း ဒုတိယနေရာနဲ့ နောက်တဆင့်ကို တက်ကာ ၁၆ သင်းအဆင့်မှာ ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ တူးနစ်အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမား အများအပြားကို အနားပေးခဲ့ပြီး ကစားကွက် အပြောင်းအလဲ ပြုလုပ်ခဲ့တာပါ။
နည်းပြ မာရက်စ်ကာကို တွေ့ရစဉ်
ဒီပွဲမှာ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးသစ် ဒီလပ်ဟာ အသင်းအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာက ဒီလပ်နဲ့အသင်းတို့ဟာ တစ်ဦးအကြောင်းတစ်ဦး ကောင်းမွန်စွာ သိတာကြောင့် သူ့ရဲ့လုပ်ငန်းစဉ်က အလွန်မြန်ဆန်ပြီး သူက အလွန်တော်တဲ့ ကစားသမား ဖြစ်တယ်လို့ ပြောခဲ့ ပါတယ်။
ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာဟာ ဒီပွဲမှာ လူငယ် ကစားသမားတွေဖြစ်တဲ့ အချီပေါင်၊ အက်ဆူဂို၊ မာခ့်ဂူအီ၊ အန်ဒရေဆန်းတို့စ်နဲ့ ဂျော့ချ်တို့ကို အသုံးပြုသွားခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဘင်ဖီကာအသင်းနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်ကို ဇွန် ၂၈ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: The Guardian