CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁

သြစတြေးလျအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဆော်ဒီ အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်ဆက် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။ 

သြစတြေးလျအသင်းဟာ ဒီပွဲမှာ ဆော်ဒီအသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပေမယ့် အနောက်ကနေ လိုက်ပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။

သြစတြေးလျအသင်းဟာ အနိုင်ရလဒ်ကြောင့် အုပ်စု C မှာ ဒုတိယနေရာ ရပ်တည်ကာ ထိပ်ဆုံးနေရာက ဂျပန် အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ 

အရေးနိမ့်ခဲ့တဲ့ ဆော်ဒီအသင်းကတော့ အင်ဒိုနီးရှားအသင်းနဲ့အတူ စတုတ္ထအဆင့် ခြေစစ်ပွဲကို ဆက်ပြီးယှဉ်ပြိုင် ရမှာပါ။ 

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့်ပွဲတွေ အပြီးမှာ သြစတြေးလျ၊ ဂျပန်အသင်းတို့နဲ့အတူ အီရန်၊ ဂျော်ဒန်၊ တောင်ကိုရီးယားနဲ့ ဥဇဘတ်ကစ္စတန် အသင်းတို့လည်း ခြေစစ်ပွဲ အောင်မြင်ထားတာ ဖြစ်ပါတယ်။ 

 ဩစတြေးလျကို တွေ့ရစဉ်

စတုတ္ထအဆင့် ခြေစစ်ပွဲအတွက် ဆော်ဒီ၊ အင်ဒိုနီးရှား၊ ယူအေအီး၊ ကာတာ၊ အီရတ်နဲ့ အိုမန်အသင်းတို့ ယှဉ်ပြိုင် ရမှာပါ။ 

စတုတ္ထအဆင့်ကနေ အာရှဇုန်အတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ၂ နေရာ ထပ်ပြီးရရှိမှာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ အသင်းတို့နဲ့အတူ အာရှဇုန်က ၆ သင်းအပြင် တောင်အမေရိကဇုန်က အာဂျင်တီးနားနဲ့ ဘရာဇီးလ်၊ သမုဒ္ဓရာ ပိုင်းဇုန်က နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ခွင့်ရရှိထားပါတယ်။ 

Source: ESPN