CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀

နေမာရဲ့ ဖခင်ဖြစ်သူက ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် သူ့ရဲ့သားကို ဆန်းတို့စ်အသင်းမှာ ဆက်ပြီးရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။

နေမာရဲ့ဖခင်က “ကျနော်ကတော့ သူ့ကို ဒီမှာ ဆက်ပြီးရှိစေချင်ပါတယ်။ ဆန်းတို့စ်ဟာ နေမာ ပြန်ကစားနိုင်ဖို့ အတွက် တံခါးဖွင့်ပေးခဲ့ပါတယ်။ သူဟာ ကစားဖို့လိုအပ်ပြီး သူ့အိပ်မက်အကြောင်းကို ကျနော်တို့ သိပါတယ်။ ဆန်းတို့စ်က သူ့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်ပေမယ့် အခြေအနေ အများအပြားကို အကောင်အထည် ဖော်နိုင်ရပါမယ်။ သူဟာ အခုအလွန် တည်ငြိမ်နေတဲ့အတွက် ကျနော်တို့ ပျော်ပါတယ်။ ကျနော်တို့မှာ ကမ်းလှမ်းမှု တွေ ရှိပါတယ်”လို့ ESPN ကို ပြောခဲ့တာပါ။

နေမာနဲ့ ဆန်းတို့စ်အသင်းရဲ့ စာချုပ်ဟာ ဒီလကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် အခုအချိန်ထိ စာချုပ်သက်တမ်း တိုးရခြင်း မရှိသေးပါဘူး။ 

နေမာဟာ သိပ်မကြာခင်မှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောထားပါတယ်။ 

နေမာနဲ့ ဖခင်ကို တွေ့ရစဉ်

နေမာရဲ့ ဖခင်ကတော့ သူ့ရဲ့သားဟာ ဆန်းတို့စ်အသင်းမှာ ပျော်ရွှင်နေပြီး သူ့ရဲ့ကစားသမားဘဝကို ပြန်လည် ရှင်သန်ဖို့ အခွင့်အရေးပေးတဲ့ ဒီအသင်းမှာ ဆက်ပြီးရှိဖို့ မျှော်လင့်နေတာပါ။ 

နေမာဟာ ဆန်းတို့စ်အသင်းမှာ ခြေစွမ်းပိုင်း ပုံမှန်မရှိပေမယ့် ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းမှာ ရှိခဲ့တဲ့ အချိန်ကထက်တော့ ပိုပြီးသာလွန်နေတာ ဖြစ်ပါတယ်။ 

နေမာဟာ မကြာသေးခင်က ကိုဗစ်ကူးစက် ခံထားရတယ်လို့ ဆန်းတို့စ်အသင်းက ကြေညာထားတာပါ။ 

အဲဒါကြောင့် နေမာဟာ ဆန်းတို့စ်အသင်းနဲ့ စာချုပ်သက်တမ်း မတိုးခဲ့ရင် ပြီးခဲ့တဲ့ ဘိုတာဖိုဂိုအသင်းနဲ့ပွဲစဉ်ဟာ သူ့အတွက် ဆန်းတို့စ်အသင်း ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်သွားနိုင်ပါတယ်။ 

နေမာဟာ ဆန်းတို့စ်အသင်းအတွက် ၁၂ ပွဲ ကစားထားပြီး ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ တာဖြစ်ပါတယ်။ 

Source: Goal