CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀
မန်စီးတီးအသင်းဟာ ဝုလ်ဗ်စ်အသင်းဘယ်နောက်ခံလူ အစ်နူရီကို ပေါင် ၃၁ သန်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ကာ ခေါ်ယူခဲ့ပါတယ်။
အစ်နူရီဟာ ဝုလ်ဗ်စ်အသင်းမှာ ၅ ရာသီကြာပွဲပေါင်း ၁၅၇ ပွဲ ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အယ်လ်ဂျီးရီးယားလက်ရွေးစင်ကစားသမားဟာ မန်စီးတီးအသင်းနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ပြီး ကစားသွားမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အေစီမီလန်အသင်းကွင်းလယ်လူ ရိန်းဒါးစ်ကို ပေါင် ၄၆.၃ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး လိုင်ယွန်အသင်းကြယ်ပွင့်ချာကီကိုလည်း ခေါ်ယူနိုင်တော့မှာပါ။
အစ်နူရီက “မန်စီးတီးအသင်းဟာ ကမ္ဘာ့အကြီးဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ဒီကလပ် အသင်းမှာ ကစားခွင့်ရဖို့ဆိုတဲ့ အိပ်မက်က အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ နည်းပြ ဂွာဒီယိုလာ၊သူ့ရဲ့နည်းပြအဖွဲ့နဲ့ လက်တွဲ ပြီး အလုပ်လုပ်ရမှာနဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ လေ့ကျင့်မှုပြုလုပ်ပြီး အတူတွဲကစားရမှာကို စိတ်လှုပ်ရှား မိတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဝါရင့်ဂိုးသမား စကော့ကာဆန်ကို ထွက်ခွာခွင့်ပေးပြီးနောက် ချယ်လ်ဆီးအသင်းဂိုးသမား ဘီတင်နယ်လီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေလည်း ပြုလုပ်နေတာပါ။
ဘီတင်နယ်လီဟာ ချယ်လ်ဆီးအသင်းမှာ တတိယဦးစားပေးဂိုးသမားအဖြစ်သာရှိခဲ့သလို မန်စီးတီးအသင်းမှာလည်း တတိယဦးစားပေးဂိုးသမားအဖြစ်သာ ပါဝင်ရမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဘီတင်နယ်လီကို ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ မျှော်လင့်ထားတာပါ။
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝိုင်ဒတ်၊အယ်လ်အိန်း၊ဂျူဗင်တပ်စ်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ မန်စီးတီးအသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၈ ရက်မှာ ဝိုင်ဒတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC