CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆
လီဗာပူးလ်အသင်းဟာ လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းရဲ့ ချဉ်းကပ်မှုကို ပယ်ချခဲ့ပြီးနောက် ကစားသမားက သူဟာ လီဗာပူးလ်အသင်းမှာ အလွန်ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ်က “ကျနော် လီဗာပူးလ်အသင်းမှာ ရှိရတာကို ပျော်ရွှင်ပြီး ဒါကို အမြဲတမ်း ပြောဖူးပါတယ်။ သူတို့ ကလည်း ကျနော့်ကို အလွန်ကြိုဆိုပါတယ်။ ကျနော်တို့ဟာ လီဗာပူးလ်အသင်းနဲ့ ဆက်သွယ်မှုရှိပါတယ်။ ဘာလို့လဲ ဆိုရင် ကျနော်တို့ဟာ အသင်းတွေနဲ့ စကားပြောနေတာ ထင်ရှားပြီး ဒါကလည်း ပုံမှန်ပါပဲ”လို့ ပြောခဲ့တာပါ။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက ပေါ်တိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တာမှာ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ်ကို တွေ့ရစဉ်
ကိုလံဘီယာကစားသမားဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့ပြီး ၁၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီရက်သတ္တပတ်ထဲမှာ လူးဝစ်ဒီယက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လီဗာပူးလ် အသင်းကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းကတော့ လူးဝစ်ဒီယက်ဇ်ကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောကာ ဘာစီလိုနာအသင်းရဲ့ ချဉ်းကပ်မှုကို ပယ်ချခဲ့တာပါ။
လီဗာပူးလ်အသင်းနဲ့ လူးဝစ်ဒီယက်ဇ်တို့ရဲ့ စာချုပ်ဟာ ၂ နှစ် ကျန်ရှိနေသေးပြီး စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးပါဘူး။
လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ ပျော်ရွှင်နေပေမယ့် စာချုပ်သစ်နဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်မယ့် အရာကို ကြည့်ကာ ဆုံးဖြတ်သွားမယ်လို့ ပြောခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၄၈ ပွဲ ပါဝင်ကစားထားပြီး ၄၁ ဂိုးသွင်း ယူကာ ပရီးမီးယားလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ၅ ခု ရယူထားတာဖြစ်ပါတယ်။
Source: Metro