CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၁၈

လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်ဖလား ရယူနိုင်ဖို့ အခွင့်အရေးမရှိဘူးလို့ နည်းပြဖြစ်သူ ကလောပ့် က ပြောလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့တဲ့အတွက် ထိပ်ဆုံးနေရာက မန်စီးတီးအသင်းနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးဖို့ ၁ ပွဲသာလိုတော့တာကြောင့် နောက်ဆုံး ပွဲစဉ်ကျမှ ချန်ပီယံ ဆုအတွက် အဖြေပေါ်မှာ ဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက အန်ဖီးလ်မှာ ဝုလ်ဗ်စ်၊ မန်စီးတီးအသင်းက အီးတီဟတ်မှာ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ကလောပ့်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးအသင်းပဲ ရယူနိုင်မှာလို့ ပြောခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ချန်ပီယံဆု အခွင့်အရေးနဲ့ပတ်သက်ပြီး မေးခဲ့တာမှာ ကလော့ပ်က “မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် မန်းစီးတီးအသင်းဟာ ကြာသပတေးနေ့မှာ ပွဲကစားမယ့် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းမှာ ကစားရတာကြောင့်ပါ။သူတို့ဟာ ဘန်လေနဲ့ ခက်ခဲတဲ့ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဘန်လေ အသင်းဟာ တန်းဆင်းဇုန်က လွတ်ဖို့ တိုက်ပွဲဝင်နေရပါတယ်။ကျနော်တို့ကို ချန်ပီယံဖြစ်ချင်တယ်ဆိုရင် ကျနော်တို့ကလည်း အရင်ဆုံးအနိုင်ရဖို့လိုသလို ဗီလာအသင်းကလည်း မန်းစီးတီးဆီကနေ အမှတ်ရယူဖို့ လိုပါတယ်” လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းကို အနိုင်ရတဲ့ပွဲမှာ ဆာလတ်နဲ့ ဗန်ဒိုက် မပါဝင်နိုင်ခဲ့သလို အဓိက ကစားသမားအချို့ကိုလည်း နည်းပြ ကလောပ့်က အနားပေးခဲ့တာဖြစ်ပါတယ်။လီဗာပူးလ် အသင်းဟာ ချန်ပီယံ လိဂ်ဖလားကို ရယူနိုင်ဖို့ ပိုမိုပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

မီလ်နာ က “ ကျနော်တို့ နိုင်ပွဲရယူဖို့ ကြိုးစားသွားမှာပါ။ဒါဟာ ကျနော်တို့ လုပ်နိုင်တဲ့ အရာပါဘဲ။မန်းစီးတီးဟာ မယုံနိုင်ဖွယ်ကောင်းလောက်အောင်ကောင်းမွန်တဲ့ အသင်းပါ။ဘာတွေပဲဖြစ်ဖြစ် ကျနော်တို့ဟာ ကိုယ့်ကိုကိုယ် ဂုဏ်ယူပါတယ်။ကျနော်တို့ လုပ်နိုင်တဲ့အရာက ကျနော်တို့ရဲ့ ပွဲတွေကို အနိုင်ရဖို့ ကြိုးစားတာပါ ”လို့ ပြောခဲ့ပါ တယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားကို ရယူထားပြီး ကျန်တဲ့ ဆုဖလား ၂ ခု ကလည်း ရယူနိုင်ဖို့လမ်းကြောင်းပေါ်မှာ ရှိတာကြောင့် ဆုဖလား ၄ လုံး မျှော်လင့်ခွင့် ရှိနေတာဖြစ်ပါတယ်။

Source:Metro