CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၁၈

ရှက်ဖီးယူနိုက်တက်နဲ့ နော်တင်ဟမ်ဖောရတ်စ်အသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံရှစ် ပလေးအောဖ့် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်အပြီးမှာ ဘီလီရှက်ပ်ကို တိုက်ခိုက်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နော်တင်ဟမ်ဖောရတ်စ်အသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ရပြီး ပလေးအောဖ့် ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီး နောက် နောတင်ဟမ်ဖောရတ်စ် ပရိသတ်တွေဟာ ကွင်းအတွင်း ဝင်ရောက်ပြီး အောင်ပွဲခံခဲ့ကြတာပါ။ ဒဏ်ရာကြောင့် ဒီပွဲမပါဝင်နိုင်ခဲ့တဲ့ ဘီလီရှက်ပ်ဟာ နည်းစနစ်ဧရိယာမှာ မတ်တပ်ရပ်ပြီး နောတင်ဟမ်ဖောရတ်စ် အသင်း ရဲ့ အောင်ပွဲကို ကြည့်ရှုနေခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ ပရိသတ်တစ်ဦးက ပြေးလာပြီး ဘီလီရှက်ပ်ရဲ့ မျက်နှာကို ခေါင်းနဲ့တိုက်ခဲ့တာပါ။ဘီလီရှက်ပ်ဟာ ဒီအဖြစ်အပျက်ကြောင့် မြေပြင်ပေါ် လဲကျသွားခဲ့တာဖြစ်ပါတယ်။

ဘီလီရှက်ပ်ဟာ သွေးထွက်သံယိုဖြစ်ခဲ့ပြီး ဒဏ်ရာကို ချုပ်ဖို့ပါ လိုအပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ နော်တင်ဟမ်ရှိုင်းယား ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးမှူး ပေါလ်ဟန်နက်ဆီက “ ဒီဖြစ်ရပ်နဲ့ဆက်နွယ်ပြီး ကျုးလွန်တယ် လို့ သံသယရှိတဲ့ အသက် ၃၁ နှစ်အရွယ်ရှိတဲ့ အမျိုးသားကို ဖမ်းဆီးလိုက်ပါပြီ။သူ့ကို ချုပ်နှောင်ထားဆဲဖြစ်ပြီး တာဝန်ရှိသူတွေက စုံစမ်းမေးမြန်းမှာဖြစ်ပါတယ်။ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကာ ကစားသမားနဲ့လည်း စကားပြောပြီးပါပြီ ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရတ်စ် အသင်းကလည်း ဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး ပြစ်မှုကျူးလွန်တဲ့သူကို ကလပ်က တစ်သက်တာ ပိတ်ပင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။ရှက်ဖီးယူနိုက်တက် နည်းပြ ဟတ်ကင်ဘိုသန်ကတော့ ဒီလိုလုပ်ခဲ့တဲ့ သူကို ထောင်ဒဏ်ချသင့်တယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။

နောတင်ဟမ်ဖောရတ်စ် အသင်းဟာ ပရီးမီးယားလိဂ် တန်းတက်ခွင့် ဗိုလ်လုပွဲအဖြစ် ဟတ်ဒါဖီးစ်အသင်းနဲ့ မေလ ၂၉ ရက်မှာ ယှဉ်ပြိုင်သွားမှာပါ။နောတင်ဟမ်ဖောရတ်စ်အနေနဲ့ ဒီပွဲအနိုင်ရခဲ့မယ်ဆိုရင် နှစ်ပေါင်း ၂၃ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

Source:Metro