CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀
ဘိုင်ယန်မြူးနစ် အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ ကင်မစ်ခ်ျဟာ ကိုဗစ်ကူးစက်ခံရပြီး အဆုတ်ပြဿနာကို ခံစားနေရလို့ ဇန်နဝါရီအထိ ကစားနိုင်မှာ မဟုတ်သေးဘူးလို့ ဘီဘီစီက ဖော်ပြပါတယ်။
အသက်(၂၆)နှစ်အရွယ်ရှိ ကင်မစ်ခ်ျဟာ ကိုဗစ်ကာကွယ်ဆေး မထိုးထားဘူးလို့ အောက်တိုဘာလက ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့လက ကိုဗစ်ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဂျာမန်ကစားသမားရဲ့ ကွာရန်တင်းကာလဟာ ဗုဒ္ဓဟူးနေ့က ပြီးဆုံးသွားခဲ့တာပါ။ ကင်မစ်ခ်ျဟာ အခုအချိန်မှာ အဆင်ပြေနေပြီ ဖြစ်ပေမယ့် သူ့အဆုတ်ထဲမှာ အနည်းငယ် စိမ့်ဝင်မှုကြောင့် သူ့ခန္ဓာကိုယ်ကို ကန့်သတ်ချက်အထိ တွန်းထုတ်လို့ မရသေးဘူး လို့ ပြောခဲ့ပါတယ်။
ပုံ-ကင်မစ်ချ်ကိုတွေ့ရစဉ်
ကင်မစ်ခ်ျက “ကျနော် အနည်းငယ် စိတ်ရှည်ရပါမယ်။ ဒီနှစ်ရဲ့ လက်ကျန်(၃)ပွဲကိုတော့ အိပ်ရာပေါ်ကနေပဲ ကြည့်ပါမယ်။ ဇန်နဝါရီကစပြီး ကျနော်တို့ အတူတိုက်ခိုက်သွားပါမယ်”လို့ အင်စတာဂရမ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
ကင်မစ်ခ်ျဟာ ကိုဗစ်ကူးစက်ခံရတဲ့သူနဲ့ ထိတွေ့ခဲ့တာကြောင့် သီးခြားနေထိုင်ခဲ့ရပြီး အော့စ်ဘတ်ကို အရေးနိမ့်တဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့တာပါ။
အဲ့ဒီနောက်မှာ ဂျာမန် ကစားသမားဟာ ကိုဗစ်ကူးစက်ခံရတာကြောင့် ဘီလ်ဖီးလ်၊ ဒေါ့မွန်တို့နဲ့ ဘွန်ဒစ်လီဂါ၊ ဒိုင်နမိုကိဗ်၊ ဘာစီလိုနာတို့နဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာလည်း မပါဝင်နိုင်ခဲ့ပါဘူး။
ဒါ့အပြင် ကင်မစ်ခ်ျဟာ ဆောင်းရာသီ အနားမယူခင် ဘိုင်ယန်မြူးနစ် အသင်းရဲ့ ပွဲစဉ်တွေဖြစ်တဲ့ မိန့်ဇ်၊ စတုဂတ်၊ ဝုလ်ဖ်ဘတ် တို့နဲ့ ကစားမယ့် ဘွန်ဒစ်လီဂါ ပွဲစဉ်တွေကိုလည်း မပါဝင်နိုင်တော့ပါဘူး။
Source: BBC